ပုသိမ်တွင် ဇူလိုင်လအတွင်း လူ ၈၀၀ ကျော်သေဆုံး

ပုသိမ်တွင် ဇူလိုင်လအတွင်း လူ ၈၀၀ ကျော်သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဇူလိုင်လ တစ်လအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၈၁၀ ဦးရှိခဲ့သည်ဟု ပုသိမ်မြို့ သရောင်းချောင်းသုဿန်ရှိ မီးသင်္ဂြိုလ်စက်ရှိ စာရင်းမှတ်တမ်းများအရ သိရသည်။

ဘာသာရေးအစဉ်အလာအရ သင်္ဂြိုဟ်သည့် အစ္စလာမ် ဘာသာဝင်များနှင့် ကျေးလက်ဒေသရှိ သေဆုံးခဲ့သူများ၏ စာရင်းများ မပါဝင်ကြောင်း ယင်းမီးသင်္ဂြိုလ်စက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ပုသိမ်မှာက အခြားဘာသာအပါအဝင် နာရေးသင်္ဂြိုလ်တဲ့နေရာ ၆ နေရာလောက်ရှိနေတယ်။ ဇူလိုင်လအတွင်းမှာ လူတစ်ထောင်နီးပါး သေဆုံးခဲ့တယ်။ ပုသိမ်မြို့ရဲ့ စံချိန်တင်သေဆုံးမှုပါ" ဟု ၎င်းကပြောသည်။

ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း သေဆုံးသူများရှိသကဲ့သို့ နေအိမ်တွင် သေဆုံးသွားသူများလည်း ရှိနေကြောင်း၊ ထိရောက်သော ကုသကာကွယ်မှုမရှိခြင်း၊ အောက်စီဂျင် အလုံအလောက် မရရှိခဲ့ခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့က ကျန်းမာရေးဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

"ကိုဗစ် ၁၉ ကြောင့် သေဆုံးမှုက သြဂုတ်လအတွင်းမှာ လျှော့ကျလာပါတယ်။ သြဂုတ် ၁၂ ရက်နေ့က ၁၀ ဦးနဲ့ ၁၃ ရက်နေ့က ၄ ဦး သေဆုံးခဲ့ပြီးတော့ ဒီနေ့သြဂုတ် ၁၄ ရက်နေ့မှာတော့ မရှိခဲ့ဘူး အခြားသေဆုံးမှုပဲရှိတယ်" ဟု အဆိုပါ ကျန်းမာရေးဝန်ထမ်းက ပြောသည်။

ပုသိမ်မြို့တွင် သြဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ COVID-19 ရောဂါဖြင့် သေဆုံးသူ ၂၁၄ ဦး ရှိပြီဖြစ်သည်ဟု စစ်ကောင်စီ၏လက်အောက်ခံ ကျန်းမာရေးဝန်ကြီဌာန၏ မှတ်တမ်းများအရ သိရသည်။

 
 

 

 

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...