NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အသက် (၇၉) နှစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်

NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အသက် (၇၉) နှစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အသက် (၇၉ နှစ်) သည် အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံ‌နေရစဉ် ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီး ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဆီးချိုရောဂါနှင့် သွေးဝမ်းသွားရောဂါအခံရှိသူ ဦးဉာဏ်ဝင်းသည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသဖြင့် အင်စိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဦးဉာဏ်ဝင်း၏ ဇနီးနှင့် သမီးတစ်ဦး မြေးနှစ်ဦးတို့ ကျန်ရှိပြီး ၄င်း၏ရုပ်အလောင်းကို ယနေ့ နေ့ချင်းသဂြိုလ်ဖို့ ပြင်ဆင်နေကြောင်း ကျန်ရစ်သူမိသားစုမှ RFA ကို အတည်ပြုပြောဆိုထားကြောင်း တွေ့ရသည်။

မွန်ပြည်နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးမင်းဟန်ကလည်း ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ‌တွင် ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်တွင် ရန်ကုန်မြို့၌ ဦးဉာဏ်ဝင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NLD ပါတီထုတ်ပြန်သည့် ကြေညာချက်တစ်ခုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရကြောင်း သိရသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...