ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ပစ်သတ်ခံရ သေဆုံး

ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ပစ်သတ်ခံရ သေဆုံး

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခိုင်ဝင်းသည် ယမန်နေ့ (ဇူလိုင် ၁၈) နံနက် ၈ နာရီကျော်ခန့်အချိန်၌ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဆိုင်ကယ်စီး အမည်မသိလူ ၂ ဦး ရုတ်တရုက်ရောက်ရှိလာပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ လာရောက်ပစ်ခတ်သဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက် နှင်းဆီလမ်းရှိ အဘိုင်လက်ဖက်ရည်ဆိုင်တွင် အဖော် ၂ ဦးနှင့်အတူထိုင်နေစဉ် အမည်မသိ သေနတ်သမား၂ ဦး ဆိုင်ကယ်တစ်စီးဖြင့် ရုတ်တရက်ရောက်ရှိလာပြီး အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ ဦးခိုင်ဝင်းအား ၈ ချက်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဦးခိုင်ဝင်းသေတယ်၊ သေနတ်အချက် ၂၀ လောက်ပစ်သွားတာ၊ သူနဲ့ပါလာတဲ့ ကိုသိန်းဇံအောင်တို့သားအဖလည်း ခြေလက်ထိမှန်သွားတယ်၊ ဆေးရုံပို့လိုက်တယ်၊ အခြေအနေ ဘယ်လိုမှန်းမသိရဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

ထိုနောက် အခင်းဖြစ်ပွားခဲ့သည့်နေရာသို့ စစ်တပ်နှင့် ရဲလုံခြုံရေးတပ်ဖွဲ့များ မရောက်လာမီ အဆိုပါသေနတ်သမား ၂ ဦး ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အလားတူ ဘုရားသုံးဆူနယ်စပ်မြို့ပေါ်တွင် ဇွန်လ ၁၆ ရက်နေ့က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် စောမောင်ကျော်နှင့် မေလ ၁၉ ရက်နေ့က အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းတို့ကို အမည်မသိ သေနတ်သမားများက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြပြီးဖြစ်သည်။

ထို့အတူ ဘုရားသုံးဆူမြို့အနီး ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက အမည်မသိသေနတ်သမားလုပ်ကြံမှုကြောင့် မွန်ညီညွတ်ရေးပါတီ အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး သေဆုံးခဲ့သည့်အမှုကိုလည်း တရားခံအား စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဘုရားသုံးဆူနယ်စပ်မြို့နှင့် အနီးအနားတဝိုက်တွင် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF, ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ PNU/KLNA-PC, DKBA, KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့များ အခြေစိုက်လျက်ရှိသည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...