ကျန်းမာရေးဌာန၏ ကိုဗစ်သေဆုံးသူစာရင်းထုတ်ပြန်ချက်များ မြေပြင်အခြေအနေနှင့် ကွာခြားမှုရှိနေ

ကျန်းမာရေးဌာန၏ ကိုဗစ်သေဆုံးသူစာရင်းထုတ်ပြန်ချက်များ မြေပြင်အခြေအနေနှင့် ကွာခြားမှုရှိနေ

လတ်တလော ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါသေဆုံးသူများ စာရင်းထုတ်ပြန်ချက်နှင့် မြေပြင်အခြေအနေ ကွာခြားမှုရှိနေကြောင်း တွေ့ရှိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၁၄ ရက်အထိ မွန်ပြည်နယ်အတွင်း သေဆုံးသူ ၅၄ ဦးရှိသည်ဟုဖော်ပြခဲ့သော်လည်း သဂြိုလ်ပေးခဲ့ရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၏စာရင်းအရ သေဆုံးသူ ၁၁၄ ဦးခန့်ရှိခဲ့သည်။

မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ကျတော့ လက်တွေ့ပေါ့နော်။ နေ့စဉ်သေဆုံးနေတဲ့လူတွေကို လက်တွေ့သဂြိုလ်နေရတဲ့အခါကျတော့ ကျွန်တော်တို့တင်တဲ့ အရေအတွက်ကတော့ နေ့စဉ်သေဆုံးနေတဲ့ အရေအတွက် အမှန်ပါပဲ၊ ဒါပေမယ့် ပြည်နယ်ကျန်းမာရေးဌာနနဲ့ MOHS တို့ ဘယ်လိုချိတ်ဆက်ပြီး စာရင်းတွေပို့နေတာကိုတော့ ကျနော်တို့မသိပါဘူး" ဟု ပြောသည်။

ဆေးရုံမှ အတည်ပြုလူနာများ၏အလောင်းကို လာရောက်ထုတ်ယူရန် ပြောကြားလာပါက အလောင်းထုတ်ယူကာ သဂြိုလ်ပေးနေရသောကြောင့် အမှန်တကယ် သေဆုံးသူများ၏ အရေအတွက်ဖြစ်ကြောင်း၊ ထို့အပြင် နေအိမ်၌သာကုသနေပြီး ကိုဗစ်သံသယအဖြစ် သေဆုံးသူများ၏စာရင်းလည်း ပါဝင်ကြောင်း ၄င်းက ဆက်ပြောသည်။

စေတနာဝန်ထမ်း ဆရာဝန်တစ်ဦးက "Isolation ward နဲ့ ဆယ်မြိုနယ်ဆောင်ကနေပဲ သေတဲ့လူနာတွေကြီးပဲကို အများကြီးထွက်နေတယ်။ တစ်နေ့တစ်နေ့ပေါ့နော်။ ဆေးရုံကြီးကနေ အတည်ပြုချက်မရဘဲ သံသယလူနာအဖြစ် ဆုံးတဲ့လူနာတွေလည်းရှိတာပေါ့။ ထုတ်ပြန်ချက်ထက်ကို မြေပြင်အနေအထားမှာတော့ သေဆုံးမှုက ပိုများပါတယ်" ဟု ပြောသည်။

ယခင်ဖြစ်ပွားခဲ့သည် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိလှိုင်းထက် သေဆုံးမှု ပိုစိတ်လာခဲ့ပြီး သေဆုံးလူနာလည်း ပိုများလာကြောင်း ၄င်းက ဆက်ပြောသည်။

အလားတူ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကိုဗစ်အတည်ပြုလူနာအပါအဝင် ကိုဗစ်လက္ခဏာဖြင့် အခုရက်ပိုင်းအတွင်း သေဆုံးသူ သိသိသာသာများပြားလာပြီး မီးသင်္ဂြိုဟ်မည့်သုသာန်တွင် ရုပ်အလောင်းများ တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသအခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။

 
 

 

 

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...