မော်လမြိုင်မြို့နယ်တွင် အခြေခံစားသောက်ကုန်တစ်ချို့ ဈေးမြင့်တက်

မော်လမြိုင်မြို့နယ်တွင် အခြေခံစားသောက်ကုန်တစ်ချို့ ဈေးမြင့်တက်

မော်လမြိုင်မြို့နယ်အတွင်း ယခုရက်ပိုင်းမှစတင်၍ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးတစ်ချို့ ဈေးမြင့်တက်လာကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များအနက် ကြက်ဥ၊ ဆီနှင့် ကြက်သွန်ဈေးနှုန်း သိသိလာလာမြင့်တက်လာကြောင်း မော်လမြိုင်မြို့ခံ မသူဇာမြင့်က ပြောသည်။

"ကြက်ဥဈေးက ပိုသိသာတယ်။ လူတွေက ကြက်ဥတွေအများကြီး ဝယ်ထည့်ကြတာလေ။ ကြက်ဥဝယ်မရတာတွေရှိတယ်။ ဆီဈေးကတော့ ပြီးခဲ့တဲ့အပတ်ထဲက တက်နေတာ။ အခုထိပဲ" ဟု ပြောသည်။

ယခင်က ကြက်ဥတစ်လုံး ၁၀၀ ကျပ်မှ ၁၅၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၄၀၀ ကျပ်မှ ၆၀၀ ကျပ်၊ ဆီတစ်ဗူး (အသေး) ၁၀၅၀ ကျပ်မှ ၁၃၅၀ ကျပ်အထိ မြင့်တင်လာခြင်းဖြစ်သည်။

"ဆန်ရောင်းဈေးကတော့ သိသိသာသာတက်လာတာတော့ မရှိဘူး။ ဆန်အသစ် မဟုတ်တာလည်း ပါမယ်ထင်တယ်။ ပွဲရုံတန်းတွေလည်း ပိတ်ထား‌ေတာ့ ဆီနဲ့ အခြားစားသောက်ကုန်ကတော့ ဆက်တက်လာနိုင်သေးတယ်" ဟု ‌သီရီမြိုင်မှ ဒေသခံတစ်ဦးက  ပြောသည်။

လက်ရှိတွင် ဆေးဆိုင်များ၌ ဝယ်ယူသူ ပိုမိုများပြားနေပြီး ဆေးတစ်ချို့နှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ဈေးတက်လာသည်ကိုလည်း တွေ့ရသည်။

မွန်ပြည်နယ်တဝန်းရှိ ဈေးဆိုင်များအားလုံး ဇူလိုင် ၅ ရက်ကစတင်ပြီး စားသောက်ကုန်ဆိုင်များသာ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သလို အခြေခံစားသောက်ကုန် အဓိကရောင်းချနေသည့် မော်လမြိုင်တွင် ဈေးကြို ရတနာထွန်းပွဲရုံတန်းကိုလည်း ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်ထိ ယာယီပိတ်ထားခဲ့သည်။

အခြေခံစားသောက်ကုန်ပစ္စည်းများ အဓိကထားရောင်းချနေသည့် ပွဲရုံဈေးတန်း ပိတ်လိုက်သည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း မွန်ပြည်နယ် ကုန်သည်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးကျော်ခိုင်မြင့် ပြီးခဲ့သည့်ရက်ပိုင်းက သုံးသပ်ထားသည်။

 
 

 

 

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...