မွန်ပြည်နယ် ကိုဗစ်တတိယလှိုင်းအတွင်း လူ ၈၅ ဦးသေဆုံးခဲ့ပြီး ပိုးတွေ့ရှိမှု ၃၀% ကျော်ရောက်လာ

မွန်ပြည်နယ် ကိုဗစ်တတိယလှိုင်းအတွင်း လူ ၈၅ ဦးသေဆုံးခဲ့ပြီး ပိုးတွေ့ရှိမှု ၃၀% ကျော်ရောက်လာ

မွန်ပြည်နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင် ၁၁ ရက်အထိ လက်ရှိ ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၈၅ ဦးအထိရှိလာပြီး အများဆုံးမှာ မော်လမြိုင်မြို့နယ်ကဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထို့အတူ ရောဂါစစ်ဆေးရာ၌ ပိုးတွေ့ရှိမှု ၃၀% ကျော်ရှိလာကြောင်း၊ ကိုဗစ်ဗိုင်းရပ်စ်အသစ်သည် ရောဂါလက္ခဏာပြင်းထန်သည့်အပြင် အောက်စီဂျင် ရုတ်တရက်ကျဆင်းခြင်းကြောင့် အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း volunteer ဆရာဝန် ဒေါက်တာသက်ကျော်စိုးက ပြောသည်။

"အရင်ဖြစ်တဲ့ဟာနဲ့ အခုဖြစ်တာက အခြေအနေချင်းလည်း မတူဘူး။ အခုဖြစ်တဲ့ဗိုင်းရပ်စ်က ပိုပြီးပြင်းထန်တယ်။ အရင်ထက် ပိုပြင်းတာပေါ့။ အောက်စီဂျင်တွေ ပြုတ်ကျတယ်" ဟု ဒေါက်တာသက်ကျော်စိုးက ပြောသည်။

ရောဂါကူးစက်ခံရသူ ပိုများလာသောကြောင့် ကုသမှုပိုင်းတွင်လည်း ဝန်ထမ်းအင်အားမလုံလောက်မှု ဖြစ်ပေါ်နေကြောင်း ၄င်းကဆက်ပြောသည်။

ထို့အပြင် ကူးစက်မှုအနေအထားအရ သံဖြူဇရပ်မြိုနယ်သည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ တတိယဖြစ်ပွားမှုအများဆုံး သထုံမြိုနယ်ဖြစ်ပြီး ကျန်သည့်မြိုနယ်များတွင်လည်း ယခု ဇူလိုင်လအတွင်း ကူးစက်မှု မြင့်တက်လာသည်ကိုတွေ့ရှိရကြောင်း၊ ဇူလိုင် ၁၁ ရက်ထိ စာရင်းများအရ မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၂,၅၇၀ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

နိုင်ငံတဝန်းအနေဖြင့် လက်ရှိကိုဗစ်ကူးစက်မှု တစ်ရက်တည်း ၄ ထောင်ကျော်လာခဲ့သည်မှာ ၃ ရက်ဆက်တိုက် ရှိခဲ့သော်လည်း ဇူလိုင်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ ကူးစက်သူအသစ် ၃,၄၆၁ ဦး၊ သေဆုံးသူ ၈၂ ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ သိရသည်။

လူပေါင်း ၁၀,၁၁၇ ဦးစစ်ဆေးရာတွင် လူ ၃,၄၆၁ ဦး ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ကူးစက်မှုနှုန်း ၃၄ ရာခိုင်နှုန်းကျော်အထိ ရှိလာနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၏ ဖေ့စ်ဘုတ်တွင် ရေးသားဖော်ပြထားသည်။

 
 

 

 

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...