ထိုင်းမြန်မာနယ်စပ် စံခလပူရီခရိုင် Locked Down (၁၄) ရက်သတ်မှတ်ထား

ထိုင်းမြန်မာနယ်စပ် စံခလပူရီခရိုင် Locked Down (၁၄) ရက်သတ်မှတ်ထား

ထိုင်းမြန်မာနယ်စပ် စံခလပူရီခရိုင် Sangkhla Buri ၌  ဇူလိုင် ၉ ရက်နေ့မှစတင်၍ ၁၄ ရက်ကြာ Locked Down သတ်မှတ်ထားပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ နေအိမ်အတွင်းနေထိုင်ကြရန် ကူးစက်ရောဂါထိန်းချုပ်ရေးကော်မတီ ဥက္ကဌ ကန်ချနပူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး Jirakiat Phumsawat က အမိန့်ထုတ်ပြန်ထားသည်။

စံခလပူရီခရိုင်ကို အဝင်/အထွက်ပိတ်ဆို့ထားလိုက်ပြီး နောင်လူတိုက်နယ်ရှိ မြန်မာနယ်စပ် ဘုရားသုံးဆူစစ်ဆေးရေးဂိတ်မှတဆင့် ကုန်ပစ္စည်းအမျိုးမျိုး သယ်ဆောင်မှုကိုလည်း ဇူလိုင်လ ၂၂ ရက်အထိ ၁၄ ရက်ကြာ တားမြစ်ထားကြောင်း တွေ့ရှိရသည်။

သို့ရာတွင် အရေးပေါ်ခရီးသွားရန် လိုအပ်လာပါက သက်ဆိုင်ရာ မြို့နယ်အကြီးအကဲ ထောက်ခံချက်ဖြင့်သာ ခရိုင်ပြင်ပသို့ ဝင်/ထွက်သွားလာခွင့်ရှိပြီး စက်ရုံအလုပ်ရုံများအတွက် ကုန်ပစ္စည်းသယ်ယူရေး ကင်းလွတ်ခွင့်ရှိသည်ဟု သိရသည်။

ဒေသအတွင်း အပတ်စဥ်လှည့်လည်ရောင်းချနေသည့် တလတ်နတ်ကဲ့သို့ ယာယီလှည့်လည်စျေးဆိုင်များအားလုံး ပိတ်ထားမည်ဖြစ်သော်လည်း အခြေခံစားသောက်ကုန်နှင့် သားငါးဟင်းသီးဟင်းရွက်စျေးများကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ပုံမှန်အတိုင်းခွင့်ပြုပေးထားသည်။

ယင်းသို့ အမိန့်ထုတ်ပြန်မှုကို လိုက်နာရန်ပျက်ကွက်ပါက ပြစ်မှုကျူးလွန်သူများသည် အနည်းဆုံး ထောင်ဒဏ်တစ်နှစ် ကျခံရနိုင်သလို သို့မဟုတ်ပါက ဘတ်ငွေတစ်သိန်း ၁၀၀၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်သည်ဟု အမိန့်စာအရ သိရသည်။

စံခလပူရီခရိုင်တွင် Covid-19 ရောဂါကူးစက်မှုအကြိမ် ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး အများစုမှာ ရောဂါကူးစက်မှုနှုန်း မြင့်တက်လျက်ရှိသော အန္တရာယ်ရှိသည့်ပြည်နယ်များမှ ရောက်ရှိလာသောလူများဖြစ်ကြသည်။

ထို့အတူ ခရိုင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၏ ဘုရားသုံးဆူမြို့တွင် အနည်းဆုံးလူ ၁၀ ဦးကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟုဆိုကာ ဒေသခံများက စံခလပူရီခရိုင်အား ပိတ်ဆို့ထားရန် အာဏာပိုင်များကို တောင်းဆိုလိုက်ကြောင်း တာဝန်ရှိသူတစ်ဦး ပြောကြားချက်ကို Bangkok Post သတင်းက ကိုးကားဖော်ပြသည်။

အလားတူ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု အနီရောင်အဆင့်ရှိသည့်ခရိုင်အဖြစ် ဘန်ကောက်မြို့၊ နွန်ထဘူရီ၊ ပထုန်ဌာနီ၊ နခွန်ပထုန်၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန် စသည့် ခရိုင် ၆ ခုကိုလည်း ဇူလိုင် ၁၂ ရက်နေ့မှစပြီး ၁၄ ရက်ကြာ ညမထွက်ရအမိန့်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှု တစ်လလျှင် လူ ၇၀၀၀ ကျော်အထိရှိလာပြီး ကိုဗစ်စတင်ဖြစ်ပွားချိန်မှ အတည်ပြုလူနာ ၃၀၈,၂၃၀ ဦး သေဆုံးသူ ၂၄၆၂ ဦး ရှိခဲ့ပြီးဖြစ်သည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...