လမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

လမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

ရေးမြို့နယ် လမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး ယနေ့ (ဇူလိုင်လ ၉ ရက်) ညနေ ၆ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ချို့ပြောသည်။

မော့ကနင်ရွာသစ်ကျေးရွာနှင့် ဝယ်ဖယ်ကျေးရွာကြားရှိ အမှတ် ၃၁၇  အမြောက်တပ်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးသည် လမိုင်းမြို့မှ တပ်သို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်ပြန်လာစဉ် မော့ကနင်ရွာသစ် ရွာထိပ်နားအရောက်တွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ဖြစ်စဉ်ကို အတည်ပြုပေးနိင်ပါတယ်၊ အမြောက်တပ်က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ပစ်ခတ်ခံရတာပါ၊ အခုချိန်မှာတော့ ဒီလောက်ပဲပြောနိင်ပါတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ အမြောက်တပ်သည် မော့ကနင်ရွာသစ်နှင့် နှစ်ကရင်ကျေးရွာအကြား ရွာချင်းဆက်မော်တော်ကားလမ်းပေါ်ရှိ ဝယ်ဖယ်ရွာအနီး ရာဘာခြံများနေရာ၌ အခြေစိုက်ထားသည်ဟု သိရသည်။

အလားတူ လမိုင်းမြို့နှင့် ကော့ဒွတ်ကျေးရွာကားလမ်းအကြား ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းတွင် အမည်မသိ သေနတ်သမားပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦး ကျည်ဆံ ၂ ချက်စီ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီး၌ တက်ရောက်ကုသခံနေရဆဲဖြစ်သည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...