လမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

လမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

ရေးမြို့နယ် လမိုင်းမြို့အနီး အမြောက်တပ်မှ ဗိုလ်ကြီးတစ်ဦး ယနေ့ (ဇူလိုင်လ ၉ ရက်) ညနေ ၆ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ချို့ပြောသည်။

မော့ကနင်ရွာသစ်ကျေးရွာနှင့် ဝယ်ဖယ်ကျေးရွာကြားရှိ အမှတ် ၃၁၇  အမြောက်တပ်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးသည် လမိုင်းမြို့မှ တပ်သို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်ပြန်လာစဉ် မော့ကနင်ရွာသစ် ရွာထိပ်နားအရောက်တွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ဖြစ်စဉ်ကို အတည်ပြုပေးနိင်ပါတယ်၊ အမြောက်တပ်က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတစ်ဦး ပစ်ခတ်ခံရတာပါ၊ အခုချိန်မှာတော့ ဒီလောက်ပဲပြောနိင်ပါတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ အမြောက်တပ်သည် မော့ကနင်ရွာသစ်နှင့် နှစ်ကရင်ကျေးရွာအကြား ရွာချင်းဆက်မော်တော်ကားလမ်းပေါ်ရှိ ဝယ်ဖယ်ရွာအနီး ရာဘာခြံများနေရာ၌ အခြေစိုက်ထားသည်ဟု သိရသည်။

အလားတူ လမိုင်းမြို့နှင့် ကော့ဒွတ်ကျေးရွာကားလမ်းအကြား ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းတွင် အမည်မသိ သေနတ်သမားပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦး ကျည်ဆံ ၂ ချက်စီ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီး၌ တက်ရောက်ကုသခံနေရဆဲဖြစ်သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...