မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့လူနာ ၅ ဦး ထပ်မံသေဆုံး

မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့လူနာ ၅ ဦး ထပ်မံသေဆုံး

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၅ ဦး ယမန်နေ့ (ဇူလိုင်လ ၈ ရက်) တွင် ထပ်မံသေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အကူအညီပေးနေသူတစ်ဦးထံမှ သိရသည်။

အဆိုပါ သေဆုံးသူ ကိုဗစ်ပိုးတွေ့လူနာများမှာ မော်လမြိုင်မြို့မှ ၃ ဦး၊ ကျိုက်မရောမြို့နယ်မှ ၁ ဦး၊ ဘုရားသုံးဆူမြို့‌မှ ၁ ဦးတို့ဖြစ်ပြီး ပြီးခဲ့သည့်လပိုင်းအတွင်း ပြန်လည်ဖြစ်ပေါ်လာသည့် တကြော့ပြန် ကိုဗစ်ရောဂါပိုးကူးစက်မှုတွင် မွန်ပြည်နယ်က စုစုပေါင်းသေဆုံးသူ ၅၀ နီးပါးရှိနေပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင်လည်း မော်လမြိုင်ဆေးရုံးကြီးရှိ ကိုဗစ်ကုသဆောင်တွင် ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးအထိ စံချိန်တင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့မှ ကိုဘိုဘိုဝင်းက “ဒီနေ့ မော်လမြိုင် (၁၀) မြို့နယ်ဆောင်မှာ (၁၂၆) ဦး လာရောက်စစ်ဆေးရာ Positive (၉၆) ဦး ထပ်ထွက်ပါတယ်၊ လက်ရှိအနေအထားက မော်လမြိုင်မှ Positive လူနာများ လက်ခံကုသမည့်နေရာအားလုံး ထားစရာနေရာမရှိလောက်အောင် ပြည့်နေပါပြီ၊ ဆေးရုံကြီးမှာရော (၁၀) မြို့နယ်ဆောင်က အဆောင်တွေအားလုံးမှာရော Positive လူနာတွေ ပြည့်နေပါပြီ” ဟု ဆိုသည်။

မွန်ပြည်နယ်တွင် ယနေ့ ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိသည့် လူနာဦးရေ ၁၆၀၀ နီးပါးရှိနေတာဖြစ်ပြီး မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်တို့မှာ Stay at Home အဖြစ် သတ်မှတ်ထားသည်။

ထို့အပြင် မော်လမြိုင်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ များလာတာကြောင့် လက်ရှိဆေးကုသမှုခံယူနေသည့် Isolation Ward 1,2,3 တို့အပြင် နေရာအသစ်များ ထပ်မံတိုးချဲ့ထားရကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အချို့တို့မှာ ဆိုင်များကို ပါဆယ်စနစ်ဖြစ်သာ ခွင့်ပြုထားပြီး အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးအရောင်းဆိုင်များကိုသာ ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...