မွန်အမျိုးသားအထက်တန်းကျောင်း အံဒင်ကို ယာယီပိတ်ထား

မွန်အမျိုးသားအထက်တန်းကျောင်း အံဒင်ကို ယာယီပိတ်ထား

ရေးမြို့နယ် အံဒင်ကျေးရွာ အစိုးရစာသင်ကျောင်းမှ ဆရာမတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ယင်းကျေးရွာရှိ မွန်အမျိုးသားအထက်တန်းကျောင်းကိုလည်း ယနေ့မှစ၍ ယာယီပိတ်ထားလိုက်ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

“အခြေအနေကို စောင့်ကြည့်နေရတယ်။ သတင်းတွေကိုလည်း အာရုံစိုက်နေရတယ်။ ရေးမြို့နယ်အနေအထားနဲ့ ဒီရွာမှာ ရောဂါနဲ့ပတ်သက်ပြီး ဘယ်လောက်ဖြစ်ပွားနေတာလဲဆိုတာ အခြေအနေကြည့်ပြီး ကျောင်းကို ဘယ်လိုဖွင့်ရင် သင့်တော်မလဲဆိုတာ နည်းလမ်းရှာနေရတယ်။ ဒီတစ်ပတ်အတွက်တော့ ဒီနေ့ကစပြီး ကျောင်းကို ယာယီပိတ်ထားမယ်” ဟု မွန်အမျိုးသားအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး နိုင်သိန်းဝင်းက ပြောသည်။

ယင်းအထက်တန်းကျောင်းတွင် ဆရာဦးရေ (၁၈) ယောက်ရှိပြီး ဘော်ဒါဆောင်နေကျောင်းသား (၁၃၀) ဦးနှင့် အနီးပတ်ဝန်းကျင်ရွာများမှကျောင်းသားအပါအဝင် စုစုပေါင်း (၃၀၀) နီးပါး မွန်အမျိုးသားကျောင်းတွင် ပညာသင်ကြားနေကြောင်း သိရသည်။

သို့သော် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေနှင့် အခြား ကိုဗစ်ရောဂါဖြစ်ပွားမှုမရှိသေးသော စာသင်ကျောင်းများကို ဆက်လက်ဖွင့်ထားပြီး ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများလည်းဖြစ်သည့် Mask, Face Shield နှင့် Hand-Gel တို့ကို အသုံးပြုရန် ညွန်ကြားထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီက ဆိုပါသည်။

“ကျောင်းအများစုကို မပိတ်ရသေးဘူး။ ကိုဗစ်ရောဂါကူးစက်မှုနှုန်း ပြင်းထန်လာတော့ တစ်ချို့ သုံလေးကျောင်းကို ပိတ်ထားတယ်။ ဒါတောင် ကျောင်းကို ပိတ်လိုက်တာမဟုတ်ဘူး။ အပြင်မထွက်ဖို့နဲ့ အပြင်လူတွေနဲ့ မထိတွေ့၊ မဆက်ဆံဖို့လောက်ပဲ။ Stay at Home ပုံစံနဲ့ ကျောင်းအိပ်ကျောင်းစားပဲ နေရမယ်” ဟု မွန်အမျိုးသားပညာရေးကောမတီဝင် ဆရာမင်းအောင်ဇေက ပြောသည်။

မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွင် မွန်အမျိုးသားကျောင်း (၁၃၄) ကျောင်းရှိပြီး ဇွန်လဆန်းကတည်းက စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် မိမိနေအိမ်မှ သင်ကြားပေးနိုင်သော Home Based Learning စနစ်မျိုးကိုလည်း သင်တန်းပေးထားကြောင်း သိရသည်။

ထို့အတူ ကိုဗစ်ရောဂါကူးစက်မှုနှုန်း များပြားနေသော မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်တို့ကို Stay at Home သတ်မှတ်ထားသဖြင့် ယင်းမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

Caption; မွန်အမျိုးသားအထက်တန်းကျောင်း (အံဒင်) Photo: Jaeneh Aong (FB)

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...