မော်လမြိုင် သထုံ သံဖြူဇရပ် မြို့နယ်များအား Stay at home သတ်မှတ်

မော်လမြိုင် သထုံ သံဖြူဇရပ် မြို့နယ်များအား Stay at home သတ်မှတ်

လတ်တလော ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုနှုန်း မြင့်တက်လာသဖြင့် မွန်ပြည်နယ် မော်လမြိုင် သထုံ သံဖြူဇရပ် မြို့နယ်များအား Stay at home သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယနေ့ ဇူလိုင်လ ၇ ရက်နေ့ ကိုဗစ်အတည်ပြုပိုး တွေ့ရှိနှုန်းအရ မော်လမြိုင် ၂၂၈ ဦး၊ သံဖြူဇရပ် ၆၄ ဦး၊ သထုံ ၅၉ ဦး စုစုပေါင်း မွန်ပြည်နယ်တစ်ခုလုံး ၄၅၃ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ရန်ကုန်တိုင်း မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ဗဟန်းနဲ့ မရမ်းကုန်းမြို့နယ်တို့ကို Stay at home အဖြစ် ယနေ့တွင်သတ်မှတ်လိုက်ပြီး မနက်ဖြန် နံနက် (၄) နာရီအချိန် စတင်အကြုံးဝင်မည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတဝန်းအနေဖြင့် ရှမ်း၊ ချင်း၊ မွန်ပြည်နယ်၊ မကွေး စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင် Stay at home မြို့နယ်နှင့်ဒေသ ၄၅ ခု ရှိလာပြီဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၈၁၀,၈၉၅) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၇၅,၉၂၃) ဦးရှိကြောင်း၊ ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၈၆၈) ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၄၁,၂၅၅) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း၊ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅၇) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၃,၅၇၀) ဦးရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...