ကိုဗစ်ကူးစက်မှု မြင့်လာနိုင်သောကြောင့် ပြည်သူများ ပိုမိုဂရုစိုက်ကြရန် တိုက်တွန်း

ကိုဗစ်ကူးစက်မှု မြင့်လာနိုင်သောကြောင့် ပြည်သူများ ပိုမိုဂရုစိုက်ကြရန် တိုက်တွန်း

ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်နေသောကြောင့် လာမည့်နှစ်လအတွင်း ပြည်သူများ ပိုမိုဂရုစိုက်ကြဖို့လိုအပ်ကြောင်း၊ သေဆုံးမှုနှုန်းလည်း ဆက်လက်မြင့်တက်လာနိုင်သည့် အခြေအနေရှိနေကြောင်း မွန်ပြည်နယ်မှ Volunteer ဆရာဝန် ဒေါက်တာသက်ကျော်စိုးက တိုက်တွန်းပြောကြားသည်။

"အခုကစပြီး တစ်လ အလွန်ဆုံး နှစ်လပေါ့။ အဲအတွင်းမှာ အသေအပျောက်က များနိုင်သေးတယ်။ ကူးစက်မှုနှုန်းလည်း များလာနိုင်သေးတယ်။ အဲတော့ ကိုယ့်အိမ်မှာရှိတဲ့ ရောဂါအခံရှိတဲ့လူကြီးတွေ အသက်ကြီးတဲ့လူတွေ ဒီနှစ်လအတွင်းမှာ ပါသွားနိုင်ချေများတယ်။ အဲတော့ အားလုံး မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ mask တွေကို မဖြစ်မနေတပ်ဖို့ပေါ့လေ အဲဒါအရေးကြီးဆုံးပဲ" ဟု ဒေါက်တာသက်ကျော်စိုးက ပြောသည်။

ယခုဖြစ်ပွားနေသည့် ကိုဗစ်ဗိုင်းရပ်သည် ယခင်ထက် ပိုမိုပြင်းထန်သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာကြောင်း၊ ပြင်းထန်သည့် ရောဂါလက္ခဏာအနေဖြင့် အောက်စီဂျင် ရုတ်တရက်ကျဆင်းခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း ၄င်းက ဆက်ပြောသည်။

'ဘိုဘိုဝင်း' အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက "နေ့စဉ် သေဆုံးမှုတွေကလည်း‌ နေ့တိုင်းရှိနေတယ်ပေါ့။ အဲတော့ အားလုံး သတိဝီရီယနဲ့နေပြီးတော့ လက်ဆေးတာတွေ Mask ကို ထူထူတပ်တာတွေ ဆောင်ရွက်ပေးဖို့ ကျွန်တော့အနေနဲ့ တိုက်တွန်းချင်တယ်" ဟု ပြောသည်။

ရောဂါကူးစက်ခံရသူ များလာသောကြောင့် ကုသမှုရေးနှင့် နေထိုင်စားသောက်ရေးပါ ခက်ခဲလာနိုင်ပြီး ကြိုတင်ကာကွယ်ခြင်းကသာ ပိုမိုထိရောက်ကြောင်း ဆက်ပြောသည်။

‌မွန်ပြည်နယ်အတွင်း ဇူလိုင် ၆ ရက်ထိ ကိုဗစ်ကူးစက်ခံရသူ ၁၁၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၄ ဦးထိရှိပြီဖြစ်ကြောင်း၊ ပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အချက်အလက်အရ ကိုဗစ်ကူးစက်မှု အမြင့်ဆုံးမှာ သံဖြူဇရပ်မြို့နယ်ဖြစ်ပြီး ရပ်ကွက် ၅ ခုကို Stay at home သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် မော်လမြိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး ယမန်နေ့ (ဇူလိုင်လ ၆ ရက်) တွင် တစ်ရက်တည်း အမြင့်ဆုံးစံချိန်တင် သေဆုံးခဲ့သည်ဆိုသော်လည်း ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးနောက် အမှန်တကယ်ပျောက်ကင်းသူများနှင့် ဆေးရုံဆင်းပြီးသူများကို မှတ်တမ်းဖြင့် စနစ်တကျ ဖော်ပြထားခြင်း မတွေ့ရသေးပေ။

 
 

 

 

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...