မော်လမြိုင်ဆေးရုံကြီး ကိုဗစ်အတည်ပြုလူနာ ၅ ဦး တစ်ရက်တည်း စံချိန်တင်သေဆုံး

မော်လမြိုင်ဆေးရုံကြီး ကိုဗစ်အတည်ပြုလူနာ ၅ ဦး တစ်ရက်တည်း စံချိန်တင်သေဆုံး

မော်လမြိုင်ဆေးရုံကြီး ကိုဗစ်လူနာကုသရေး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ ၅ ဦး ယနေ့နံနက်ပိုင်းက တစ်ရက်တည်း စံချိန်တင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့ ကျိုက်ဖနဲရပ်ကွက်မှ အသက် ၆၀ အမျိုးသမီးတစ်ဦး၊ ဒေါင်းဇရပ်ရပ်ကွက်မှ အသက် ၅၈ နှစ် အမျိုးသားတစ်ဦး၊ မော်လမြိုင်မြို့နယ် ကော့ခနိရွာမှ အသက် ၃၇ နှစ် အမျိုးသမီးတစ်ဦး၊ သံဖြူဇရပ်မြို အောင်မင်္ဂလာရပ်ကွက်မှ အသက် ၇၉ နှစ် အမျိုးသားတစ်ဦး၊ သထုံမြို့ ပေါ်တော်မူကျေးရွာမှ အသက် ၈၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

မော်လမြိုင် အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက “ညပိုင်းက ၂ ယောက်၊ ဒီနေ့မနက်ပိုင်းက ၃ ယောက် ၅ ယောက်စလုံးကို ဒီမနက်မှာ ကျနော်တို့ သင်္ဂြိုလ်ခဲ့ပြီးပြီ၊ မော်လမြိုင်မှာတော့ ပိုးတွေ့လူနာ စံချိန်တင်အများဆုံး သေဆုံးခဲ့တဲ့နေ့တစ်နေ့ပေါ့၊ မွန်ပြည်နယ်မှာ ပိုးတွေ့မှုနှုန်းက သံဖြူဇရပ်၊ သထုံ၊ မော်လမြိုင်နဲ့ ပေါင်မြို့နယ်မှာ အဆိုးဝါးဆုံးအနေအထား ရောက်ရှိနေတာပေါ့နော်” ဟု ပြောသည်။

Isolation ward 1 ဆေးကုသမှု ခံယူနေသည့် အသက် ၄၈ နှစ်အရွယ် မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက်မှ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ယမန်နေ့က ထပ်မံသေဆုံးသဖြင့် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၅ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

ယနေ့နံနက်ပိုင်း ဓါတ်ခွဲလူနာဆေးစစ်ချက်အရ လက်ရှိတွင် မွန်ပြည်နယ်အတွင်း ပိုးတွေ့လူနာစုစုပေါင်း ၄၀၀ ရှိပြီး ယနေ့ညနေပိုင်းတွင် ပိုးတွေ့ရှိမှုပိုများလာနိုင်မည့် အလားအလာရှိကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက ခန့်မှန်းထားသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန် ၂၀၂၀ ခုနှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့အထိ အတည်ပြုလူနာ ၃၆၇၉ ဦး၊ သေဆုံးသူ ၄၆ ဦးရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 တွေ့ရှိမှု ဆက်တိုက်မြင့်တက်လာပြီး ဇွန် ၁၉ ရက်မှ ဇူလိုင် ၂ ရက်အထိ နှစ်ပတ်အတွင်း သေဆုံးသူ ၁၁၃ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

 
 

 

 

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...