မြဝတီမြို့ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု ပြောင်းလဲသတ်မှတ်

မြဝတီမြို့ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု ပြောင်းလဲသတ်မှတ်

ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက အမည်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း တွေ့ရှိရသည်။

မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ဗိမ္မာန်နှင့် မုခ်ဦးနှစ်ခုကို ဇွန် ၆ ရက် ညပိုင်းက ဘူဒိုဇာများအသုံးပြုကာ ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယခု ပြောင်းလဲသတ်မှတ်လိုက်သည့် ဦးစပန်းခြံမှာ ကုန်းဘောင်ခေတ်၌ ထင်ရှားကျော်ကြားသော မြန်မာစာပေနှင့် ဂီတပညာရှင်ကြီးတစ်ဦးဖြစ်သူ မြဝတီဝန်ကြီး (ဝါ) မြဝတီမင်းကြီးဦးစ (၁၈၃၀-ခုနှစ်ခန့်) နာမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ အာဇာနည်ပန်းခြံကို NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နစကကောင်စီလက်ထက်တွင် ပြန်လည်ဖြိုဖျက်ကာ နာမည်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ဘားအံ၊ ကော့ကရိင်္တ၊ ကြာအင်းဆိပ်ကြီးစသည့် မြို့နယ် (၄) မြို့နယ်တွင်ရှိသည့်အာဇာနည်ဗိမာန်နှင့် အာဇာနည်ကျောက်တိုင်ပြုလုပ်ထားသည့် အဆောက်အဦးများကို ကောင်စီက ဇွန်လ ၆ ရက်နေ့က အလားတူ ဖြိုဖျက်ခဲ့သည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက်က နိုင်ငံတဝန်းတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် အာဇာနည်ဗိမာန်များကို တိုင်းရင်းသားဒေသများတွင် စိုက်ထူခဲ့သဖြင့် ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ အထူးသဖြင့် မွန်ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်း၊ ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စများက အများဝေဖန်စရာ ဖြစ်စေခဲ့သည်။

ထို့ပြင် NLD အစိုးရအမည်ပေးခဲ့သည့် “ဗိုလ်ချုပ်အောင်ဆန်းတံတား” ကိုလည်း ကမ္ဘည်းကျောက်စာ မော်ကွန်းအသစ် ပြန်လည်ရေးထိုးစေ၍ စစ်ကောင်စီဥက္ကဌကိုယ်တိုင် သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် ဇွန်လ ၁ ရက်နေ့က ပြောင်းလဲဖွင့်လှစ်ပေးခဲ့သည်။

 
 

 

 

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...