ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုစွဲချက်များဖြင့် အကြမ်းဖက်စစ်ကောင်စီက စွဲဆို

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုစွဲချက်များဖြင့် အကြမ်းဖက်စစ်ကောင်စီက စွဲဆို

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုစွဲချက်များဖြင့် စွဲဆိုထားကြောင်း စစ်ကောင်စီထိန်းချုပ်သည့် ဇွန်လ ၁၀ ရက်ထုတ် သတင်းစာများ၏ ဖော်ပြချက်များအရ သိရသည်။

အသက် ၇၅ နှစ်ရှိ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရပြီး သူမသည် နိုင်ငံ‌တော်အကြည်ညိုပျက်စေမှု၊ ကိုလိုနီခေတ် လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှု အပါအ၀င် စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။

ယခု နောက်ထပ်အမှုဖွင့်လိုက်သည့် စွဲချက်များမှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း၀န်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ တံစိုးလက်ဆောင်အဖြစ် ငွေသား အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီရွှေ ၁၁ ကီလိုဂရမ်ခန့် တရားမ၀င် လက်ခံရယူခဲ့သည်ဆိုသော ပြောကြားချက်များနှင့် သက်ဆိုင်နေသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ရာထူးကိုအသုံးပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ထားခဲ့သည်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အထောက်အထားတွေ့ရှိထားကြောင်း စစ်အုပ်စုထိန်းချုပ်သည့် Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

“ဒါကြောင့် သူ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အောက်မှာ အမှုဖွင့်ထားခဲ့တာဖြစ်တယ်” ဟု ဆိုသည်။

သူမသည် သူမ၏ ပရဟိတဖောင်ဒေးရှင်းအတွက် မြေကွက်ဧရိယာနှစ်ခု ငှားရမ်းခဲ့ချိန် သြဇာအာဏာကို အလွဲသုံးစားလုပ်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

သီတင်းပတ်များနှင့်ချီ ဥပဒေဆိုင်ရာ ရှည်လျားကြန့်ကြာမှုများရှိခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုသည့် စွဲချက်များအနက် နှစ်ခုအတွက် တရားရုံးကြားနာစစ်ဆေးမှုများကို လာမည့်အပတ်တွင် စတင်စစ်ဆေးသွားမည်ဖြစ်ပြီး တရားရုံး အသိသက်သေထွက်ဆိုချက်များကို ကြားနာသွားမည်ဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...