ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာသို့ ရွှေ့ပြောင်းမှန်းမသိရ၍ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း NUG ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာသို့ ရွှေ့ပြောင်းမှန်းမသိရ၍ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း NUG ထုတ်ပြန်

ဖယ်ရှားခံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားရာ နေပြည်တော်ရှိ ၎င်း၏နေအိမ်မှ ရွှေ့ပြောင်းပြီး လက်ရှိ၌ မည်သည့်နေရာတွင်ရှိနေသည်ကို မသိရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ တရားရေးအဖွဲ့က ပြောသည်။

စစ်အာဏာသိမ်းမှုကို တွန်းလှန်ရန် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒေါ်အောင်ဆန်းစုကြည်၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်သည်ဟု ထုတ်ပြန်ခဲ့ကြောင်း Nikkei Asia သတင်းတွင် ဇွန် ၄ ရက် ညပိုင်းက ဖော်ပြသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သော ဘရူနိုင်းကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၄ ရက်၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့သည်။

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဲဝမ်ပီဟင်ယူဆော့ဖ်နှင့် လက်ရှိ အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်သည် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံကြခြင်းဖြစ်သည်။

စစ်တပ်က နောက်ပိုင်းတွင် ကျင်းပပေးမည်ဆိုသော “လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်သော လုပ်ငန်းစဉ်များ” နှင့် “အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှု” အရေးတို့ကို အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ သတင်းထုတ်လွှင့်ချက်အရ သိရသည်။

ထိုသို့ အာဆီယံသံတမန်နှစ်ဦး နေပြည်တော်၌ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံကြချိန် မြန်မာနိုင်ငံ၏ ပဋိပက္ခ အကျပ်အတည်းအဆုံးသတ်ရေး အာဆီယံ၏ ကြိုးပမ်းမှုများကို ယုံကြည်မှုမရှိကြောင်း NUG မှ လက်ထောက်နိုင်ငံခြားရေး ဦးမိုးဇော်ဦးက ပြောကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းခဲ့ချိန်မှစကာ အာဏာသိမ်းမှုကိုဆန့်ကျင်သော ဆန္ဒပြပွဲများ ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။

August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...