အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုအသစ်များ ထပ်မံချမှတ်ရန် အီးယူစီစဉ်နေ

အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုအသစ်များ ထပ်မံချမှတ်ရန် အီးယူစီစဉ်နေ

ဥရောပသမဂ္ဂသည် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း အကျိုးစီးပွားများအပေါ် ပစ်မှတ်ထားပြီး အရေးယူဒဏ်ခတ်မှုအသစ်များ လာမည့်ရက်များအတွင်း ချမှတ်သွားမည်ဖြစ်ကြောင်း အီးယူ၏ နိုင်ငံခြားရေးမူ၀ါဒအကြီးအကဲ ဂျိုးဆက်ပ်ဘောရဲလ်က ဇွန်လ ၃ ရက်က ရိုက်တာကိုပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်၌ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း တတိယမြောက်အကြိမ်ဖြစ်မည့် အရေးယူပိတ်ဆို့မှုအသစ်များကို အီးယူဘက်က ချမှတ်သွားရန်ရှိကြောင်း ဘောရဲလ်က ဂျကာတာတွင် အရှေ့တောင်အာရှသံတမန်များနှင့် တွေ့ဆုံမှုအပြီး အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

“တတိယမြောက် အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ပြင်ဆင်နေတာရှိပါတယ်၊ ဒါကို လာမယ့်ရက်တွေမှာ အတည်ပြုသွားမှာဖြစ်ပါတယ်၊ ဒီအရေးယူဒဏ်ခတ်မှုတွေကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ အဖွဲ့သားတွေနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြု‌နေတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောခဲ့သည်။

မြန်မာအာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အီးယူသည် မြန်မာအာဏာသိမ်းအုပ်စု၏ စစ်ဘက်နှင့် အရပ်ဘက်အဖွဲ့၀င် ၂၁ ဦးအပေါ် အရေးယူပိတ်ဆို့ခဲ့ပြီး ပိုင်ဆိုင်မှုထိန်းချုပ်ပိတ်ပင်ခြင်း၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းတို့ကို ချမှတ်ထားခဲ့သည်။

အရေးယူပိတ်ဆို့ခံရသူများအတွက် ဘဏ္ဍာငွေရနိုင်အောင် လုပ်ဆောင်ခြင်းမပြုရန်လည်း ဥရောပနိုင်ငံသားများနှင့် ကုမ္ပဏီများကို ပိတ်ပင်တားမြစ်ထားသည်။

အီးယူအုပ်စုဘက်က ဧပြီလတွင် ချမှတ်ခဲ့သည့် နောက်ထပ် အရေးယူပိတ်ဆို့မှုများတွင်လည်း စစ်တပ်ပိုင်လုပ်ငန်းစုများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပို‌ရေးရှင်း (MEC) တို့ကို ပစ်မှတ်ထားခဲ့ပြီး အီးယူရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်များကိုလည်း အဆိုပါလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာ ပတ်သက်လုပ်ဆောင်မှုအပေါ် တားမြစ်ထားသည်။

 

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...