မနေ့ မေလ ၃၀ ရက်နေ့က တွန်းဇံမြို့နယ် ကျီခါးမြို့ တိုက်နယ်ဆေးရုံမှာ အသက် ၃၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး ကျီခါးမြို့ တိုက်နယ်ဆေးရုံမှ တာဝန်ထမ်းဆောင်နေသော သူနာပြု ဆရာမကြီးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - ကျီခါးမြို့တိုက်နယ် ဆေးရုံရဲ့ ဆရာဝန်၊ Nurse အင်အားကဘယ်လောက်ရှိပါသလဲ။
ဖြေ - ကျီခါးမှာ ကိုဗစ်စဖြစ်တဲ့နေ့ကတော့ မသိဘူး၊ ဒါမယ့် ကျွန်မတို့ ကိုဗစ်စတွေ့တဲ့ နေ့ကတော့ ဒီမေလ ၁၁ ရက်နေ့မှာ စတွေ့တယ်၊ စတွေ့တဲ့နေ့တုန်းမှာတော့ ဆရာဝန်ကြီး ၂ ယောက်ဝောာ့ရှိတယ်၊ ဒါမယ့် အဲ့နောက်ပိုင်းမှာ သူတို့အထက်အမိန့်နဲ့ ဟားခါးကိုခေါ်သွားလို့ အခုမရှိတော့တာ၊ Nurse ကကျတော့ ပြည်သူ့ကျန်းမာရေးမှာ ၄ ယောက်နှင့် ကျွန်မတို့ ကျီခါးတိုက်နယ်ဆေးရုံမှာတော့ ၃ ယောက်ရှိတယ်။ စုစုပေါင်း ၇ ယောက်ပေါ့။ လူနာနဲ့ကျွန်မတို့ Nurse တွေနဲ့က မျှတမှုတော့မရှိဘူး၊ ဘာဖြစ်လို့လဲဆိုဝောာ့ ဆေးရုံထဲမှာ အချိန်ပြည့်နဲ့လုပ်တာက သူနာပြုကတစ်ယောက်ထဲပဲဆိုတော့။
မေး - မနေ့က ဖြစ်ပျက်ခဲ့တဲ့ ကိုဗစ်နဲ့ သေဆုံးသွားခဲ့တဲ့ ကိုယ်ဝန်သည်အကြောင်း အဲ့ဒီဖြစ်စဉ်လေးကို ပြောပြပေးပါ။
ဖြေ - ဖြစ်စဉ်က မေလ ၂၇ ရက်နေ့မှာ သူက OPD အနေနဲ့လာပြတယ်၊ အဲ့တုန်းက နည်းနည်း အနေထိုင်မကောင်းဘူးဆိုပြီးတော့လာပြတာ၊ အဲ့တုန်းက ဘာမှ မဖြစ်သေးဘူး၊ ခုက ကိုဗစ်လည်း ခေတ်စားနေတော့ ကိုဗစ်စစ်ကြည့်တာပေါ့ ကျွန်မတို့၊ စစ်ကြည့်တော့ သူက positive ဖြစ်နေတယ်။ အဲဒါနဲ့ သူလည်းနေကောင်းနေတယ်၊ ဆေးရုံတက်ရမယ့်လောက်အောင် မဖြစ်ဘူးဆိုဝောာ့၊ သောက်ဆေးပေးပြီးတော့ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်တော့ ၂၈ ရက်နေ့ ညနေလောက်ကနေ သူက အသက်ရှူကျပ်တယ် ဆိုပြီးတော့ ဆေးရုံတက်ဖို့ရောက်လာတယ်၊ သူက ကိုဗစ်ဖြစ်တော့ နည်းနည်းစိတ်လှုပ်ရှားတယ်ထင်တယ်၊ ၂၈ ရက်နေ့ညကနေ ဆေးရုံတင်တာပေါ့ သူ့ကို၊ ပြီးမှ သူက နေ့ရော ညရော အိပ်မရဘူးဆိုပြီးဝောာ့ ထိုင်ပဲထိုင်နေတယ်၊ ရင်ဘက်တွေကျပ်ပြီးတော့ အသက်ရှူမဝဘူး၊ ရင်ဘက်နဲ့ကြောပြင်တွေညပ်ပြီးမှ အောင့်တယ်ပေါ့ အသက်ရှူမဝဘူး၊ အဲလိုပဲ နေနေတယ်။ သူဆေးရုံရောက်တော့ ထိုးဆေးတွေ သောက်ဆေးတွေ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်လို့ရတဲ့ ဟာတွေအကုန်လုံးလုပ်ပေးတယ် ဆေးရုံအနေနဲ့ပေါ့။ နောက် ၂၉ ရက်နေ့မှာ တိုးတက်မှုရှိလာတယ်ဆိုပြီးတော့ ထိုးဆေးတွေ သောက်ဆေးတွေ အောက်စီဂျင် percent တွေလည်းကောင်းလာတယ်၊ သူ့ကို ဆေးရုံရောက်တဲ့နေ့ကစပြီးတော့ အောက်စီဂျင်ပေးတာ ကျွန်မတို့၊ သူက မအိပ်နိုင်သေးပေမယ့် သူက လန်းလာတယ်ပေါ့၊ သူကလည်း ခံရတာ နည်းနည်းသက်သာလာတယ်တဲ့၊ မနေ့ည ညဦးပိုင်းမှာ နည်းနည်းသက်သာလာတော့ အိပ်နိုင်မယ်ထင်တယ် ဆိုပြီးဝောာ့ သူက နာရီဝက်လောက်အိပ်နေတာ၊ အိပ်လည်းအိပ်ပျော်တယ် သူ၊ တိုးတက်လာတယ်ပေါ့ ကျွန်မတို့က ဝမ်းသာနေတယ်။ အဲ့ဒါနဲ့သူ နာရီဝက်လောက်အိပ်ပျော်ပြီးတော့ ပြန်ထပြီးတော့ အသက်ရှူ တအားကျပ်တယ်ဆိုပြီးတော့ အမောဖောက်တာ၊ ချက်ချင်းအဲ့အတိုင်းပဲ ဆုံးသွားတာ။ အောက်စီဂျင် percent တွေအရမ်းကျပြီးတော့ မမှီတော့ဘူး အဲ့လိုဖြစ်သွားတာ။ အဲ့ဒါက ၃၀ ရက်နေ့ညကပေါ့နော်။
မေး - ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင်မိခင်ဟာ အသက်ရှူကျပ်တယ်ဆိုလို့ ဆေးရုံကို ဘယလာပြတယ်ဆိုတော့ သူ့မှာ အခံရောဂါ ဥပမာ ပန်းနာရ်ုကျပ် အဆုတ်ပိုင်းပေါ့ အဲ့နေရာတွေကိုရော စစ်ဆေးမိသေးလား။
ဖြေ - သူ့မိသားစု၊ သူ့မွေးချင်းတွေ ပြောတာကတော့ သူငယ်ငယ်တုန်းကဆိုရင် မိုးအုံ့တာတို့ နဲ့ ရာသီဥတုအေးတာတို့ ဘာတို့ရှိရင် သူက ရင်ကျပ်တတ်တယ်တဲ့၊ ဒါမယ့် သူကြီးပြီးနောက်ပိုင်းမှာတော့ အဲ့ဒါလည်းမပြောဘူး သူ့ရာဇဝင်မှာလေ၊ သူ့အမျိုးတွေပြောပုံအရတော့ သူငယ်ငယ်ကတည်းက ရပ်ကျပ်တာတို့ အဆုတ်နဲ့ပတ်သက်ပြီးတော့ ရောဂါကြီးကြီးတော့ မဟုတ်ပေမယ့် ဆင်မပြေတာတော့ ရှိတယ်လို့ထင်ရတယ်။ အဲ့ဒါကြောင့်လည်း ပိုဆိုးတာများဖြစ်မလားလို့ ကျွန်မတို့ထင်တယ်။ ခုခံအားမရှိတာလည်းပါမယ် ပြီးတော့သူက တအားစိတ်လှုပ်ရှားတာလည်းပါမယ်၊ ပြီးတော့ ကိုယ်ဝန်သည်ဆိုတော့နော် ကိုယ်ခံအား အရမ်းလိုနေတဲ့ချိန်ဆိုတော့ အဲ့ဒါလည်းပါမယ်ထင်တယ်၊ ပြီးရင်ကျွန်မတို့ မသိပဲနဲ့ အဆုတ်အခံများ ရှိနေသလားပေါ့။
မေး - နောက်ဆက်တွဲရော ဘာတွေဖြစ်လာနိုင်မလဲ အဲ့ဒါလည်း ဆရာမအထင် တစ်ချက်လောက်ပြောပြပေးပါ။
ဖြေ - ကျီခါးမှာ သူ့လိုပဲ ကိုဗစ် positive၊ အဆုပ်နဲ့ ပတ်သက်ပြီးတော့ အဲ့လိုမျိုး ၂၄ နာရီ အောက်စီဂျင်ရှူနေတဲ့ ၃၊ ၄ ယောက်လောက်ရှိတယ်။ သူတို့ကတော့ သက်ကြီးတွေပေါ့ အသက် ၅၀ ကျော်၊ ၇၀ ကျော်တွေပါ။ ပြီးရင် သူ့လို အသည်းအသန် ဖြစ်ပြီးတော့ ၂၄ နာရီ အောက်စီဂျင်ကို ရှူရလောက်တဲ့သူများရှိရင်လည်း ရှိလာနိုင်တယ်လို့ ကျွန်မမြင်တယ်။
မေး - အခု ကိုဗစ်ရောဂါက တွန်းဇံနယ်မှာကူးစက်၊ ပျံ့နှံ့ဖို့ မြန်မလား၊ ပြောပြပေးပါ။
ဖြေ - ကူးစက်ဖို့ မြန်မလားဆိုတာက ခုက တစ်မြို့လုံးကိုပျံ့နေပြီ၊ အရင်လိုလည်း ထိန်းထိန်းသိမ်းသိမ်းမရှိတော့ဘူးလေ ခုက နယ်တွေမှာရော ကျေးရွာတွေမှာရောပဲ ဖြစ်နေကြပြီ၊ ပျံ့နေပြီးမှ ကျွန်မတို့သိတယ်လို့ ယူဆတယ် အဲ့ကိုဗစ်ကိုလေ။ ပျံ့ပြီးမှပဲ ကျွန်မတို့ ဖမ်းမိလိုက်တယ် လို့ပဲ ယူဆလိုက်တယ်။
မေး - ဒီအခြေအနေနဲ့ ဆရာမဘက်ကနေ ပြည်သူတွေဆီ အမှာစကားလေး ပြောပြပေးပါ။
ဖြေ - ဘာပဲဖြစ်ဖြစ်မရသေးတဲ့သူတွေ၊ မဖြစ်သေးတဲ့သူတွေပေါ့နော် ကိုယ့်ကိုကို ဂရုစိုက်ပြီးတော့ အားရှိအောင်နေ၊ အိပ်ရေးဝအောင် အိပ်ပြီးတော့ ကိုယ့်ကိုကို အားဖြည့်ထားပြီးတော့ ဒီကိုဗစ်ကို ခံနိုင်ရည်ရှိအောင် လုပ်ထားပေးဖို့လိုမယ်၊ ဘာဖြစ်လို့လဲဆိုတော့ လေထဲကနေပျံ့နိုင်တဲ့ ရောဂါပိုးတွေဆိုတော့ ကိုယ့်ဆီမရောက်နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးလေ၊ ခုဟာက ကျီခါးတခုတည်းမဟုတ်တော့ဘူး တွန်းဇံမြို့နယ်တို့မှာလည်း ရောက်နေပြီဆိုဝောာ့ အသွားအလာ ကန့်သတ်တယ်ဆိုပေမယ့်လည်း အရင်တုန်းကလိုလည်း တအားကြီးကို ကန့်သတ်တာမျိူမဟုတ်ပဲနဲ့ဆိုတော့ ကိုယ့်အသိနဲ့ကိုယ်ပဲ ကာကွယ်ဖို့ဖြစ်နေတော့လေ။ ကျွန်မတို့လူ၊ လူမျိုးတွေက အာဏာနဲ့ဘာနဲ့လုပ်မှပဲ နာခံတတ်တဲ့လူမျိုး တစ်ချို့တွေရှိတော့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့က အဓိကပါ။
မေး - အခု လက်တလော ကျီခါးတိုက်နယ် ဆေးရုံရဲ့အခက်အခဲက ဘာတွေဖြစ်မလဲ။
ဖြေ - အခု ကျီခါးတိုက်နယ်ဆေးရုံမှာတော့ ဆေးဝါးဘက်ဖြစ်စေ၊ ဟိုအောက်စီဂျင်တို့ဘာတို့ဆိုရင်လည်း စေတနာရှင်တွေက လာလှူပေးကြတယ်၊ စက်တွေရောပေါ့၊ နောက်ရောက်လာမယ့် ဟာတွေနဲ့ပြောမယ်ဆိုရင် ခုလောလောဆယ်တော့ ပြည့်စုံတယ်လို့ ပြောလို့ရတယ်၊ ဆေးဝါးပိုင်းမှာဆိုရင် ဒီမှာဝယ်လို့မရပေမယ့် မှာလို့ရတယ်ပေါ့နော်၊ ကလေးမြို့တို့ဘာတို့မှာ မှာလို့ရတယ်ပေါ့နော်၊ အဲ့လိုမျိုး။ ဒါမယ့် ဆရာဝန်က ခဏလေးလာလုပ်တဲ့ ဆရာဝန်ဆိုတော့ သူဘယ်လောက်ထိနေနိုင်မလဲ၊ ဘယ်လောက်ထိလာလုပ်နိုင်မလဲဆိုတာ မပြောတတ်ဘူး။ ဆရာဝန်ရှိတော့ ကျွန်မတို့က စိတ်အေးနေရတာပေါ့။ ဒါပေမယ့် တစ်ကယ့်အခက်ခဲ အလုံးကြီးတွေတော့ ကျသွားပါပြီ၊ ကျွန်မစိတ်ထဲမှာတော့ အခက်ခဲဆုံးက လူနာတွေပါပဲ၊ လူနာတွေ တစ်ခုခုဖြစ်မှာစိုးရိမ်တယ်၊ အဲဒါပဲ။







