ဟားခါးတွင် စစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့် Pu Khamh Bawi လည်းသေဆုံးခဲ့ကြောင်း ယမန်နေ့ညနေပိုင်းမှ မိသားစုထံအကြောင်းကြား

ဟားခါးတွင် စစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့် Pu Khamh Bawi လည်းသေဆုံးခဲ့ကြောင်း ယမန်နေ့ညနေပိုင်းမှ မိသားစုထံအကြောင်းကြား

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့သူမှာ နှစ်ဦးဖြစ်ကြောင်း၊ ယမန်နေ့ညနေပိုင်းမှသာ မိသားစုထံအကြောင်းကြားခဲ့ပြီး ယခုဒုတိယမြောက်သေဆုံးသူမှာ Thang Zang ကျေးရွာမှ ဟားခါးမြို့သို့ ခေတ္တအလည်လာရောက်သူ Pu Khamh Bawi ဖြစ်ကြောင်း သိရသည်။

"ဒီညနေပိုင်းလောက်မှာ တပ်ဘက်ကနေ ပါစတာတစ်ယောက်ကို ဖုန်းဆက်တယ်၊ Pu Tler Ling သေပြီး သိပ်မကြာခင်မှာ ဆုံးသွားတာကြောင့် အတူတူမီးရှို့လိုက်တယ်လို့ပြောတယ်၊ သူက Thang Zang ဘက်ကနေ ဒီကို ခဏလာတာလို့ပြောတယ်၊ သူ့အမေကတော့ ဒီမှာဘဲ၊ သူတို့အိမ်က ဟားခါးသာရ်ခြောက်လမ်းစုံဘက်မှာ၊ စစ်သားတွေက အဲဘက်မှာ ဟိုးသွားဒီသွားလုပ်နေတော့ သူတို့အိမ်ကို ရပ်ကွက်က အသုဘစောင့်ပေးဖို့လည်း မသွားရဲကြဘူးလို့ပြောတယ်" ဟု ဒေသခံတစ်ဦးမှ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာမှ ဟားခါးမြို့တွင် မေလ ၁၀ ရက်နေ့က မသင်္ကာဖွယ် အမျိုးသားနှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ဦးကီလ်လိန်းမှာ သွေးတိုးရောဂါဖြင့်သေဆုံးကာ ကျန်တစ်ဦးဖြစ်သည့် ဦးဘွေအားမှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တစ်ကယ့်ဖြစ်စဉ်မှာ Pu Khamh Bawi အား မေလ ၉ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်တွင် ဟားခါးမြို့၊ ဂေါက်ကွင်းအနီးရှိနေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး Pu Tler Ling အား ယင်းနေ့ညနေပိုင်းတွင် နွယ်ချောင်းဘက်ရှိ ၎င်း၏ယာတဲထဲတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ရသည့် Pu Tler Ling နှင့် Pu Khamh Bawi တို့၏အလောင်းများအား မိသားစုများထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ စစ်ကောင်စီမှ မီးရှို့ပြီးကြောင်းသာ အကြောင်းကြားထားကြောင်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...