တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူများ ပြန်လည်ဖြုတ်သိမ်း

တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူများ ပြန်လည်ဖြုတ်သိမ်း

အာဏာသိမ်းစစ်ကောင်စီက ရုပ်မြင်သံကြားဖမ်းယူကြည့်ရူနိုင်သည့် ဂြိုလ်တုစလောင်းများ တပ်ဆင်သူများအား ထောင်ဒဏ်နှင့်ငွေဒဏ် ချမှတ်အရေးယူနိုင်ကြောင်း ကြေညာပြီးသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူအများစုသည် ပြန်လည်ဖြုတ်သိမ်းနေကြသည်ဟု သိရသည်။

“တမူးမှာတော့ PSI စလောင်းတပ်တဲ့သူ အားလုံးနီးပါးကတော့ အကုန်ပြန်ဖြုတ်ကြပြီ" ဟု တမူးဒေသခံတစ်ဦးက ပြောသည်။

ဂြိုလ်တု၊ ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုမှုများပြုလုပ်ပါက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ၅ သိန်းအထိ အရေးယူခံရနိုင်ကြောင်း မေလ ၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

PSI ဂြိုလ်စလောင်းသည် အာဏာသိမ်းစစ်ကောင်စီမှ ထုတ်လွှတ်ခွင့်ပိတ်ထားသည့် Mizzima နှင့် DVD သတင်းများကို ကြည့်ရှုနိုင်သည့်အတွက် ဖြုတ်သိမ်းခိုင်းခြင်းဖြစ်သည်။

အလားတူ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြီးခဲ့သည့် ဧပြီလကတည်းက PSI/TATA စလောင်းများ တပ်ဆင်ခြင်းရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးသိမ်းယူမှုရှိခဲ့ကြောင်းလည်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...