တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူများ ပြန်လည်ဖြုတ်သိမ်း

တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူများ ပြန်လည်ဖြုတ်သိမ်း

အာဏာသိမ်းစစ်ကောင်စီက ရုပ်မြင်သံကြားဖမ်းယူကြည့်ရူနိုင်သည့် ဂြိုလ်တုစလောင်းများ တပ်ဆင်သူများအား ထောင်ဒဏ်နှင့်ငွေဒဏ် ချမှတ်အရေးယူနိုင်ကြောင်း ကြေညာပြီးသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူအများစုသည် ပြန်လည်ဖြုတ်သိမ်းနေကြသည်ဟု သိရသည်။

“တမူးမှာတော့ PSI စလောင်းတပ်တဲ့သူ အားလုံးနီးပါးကတော့ အကုန်ပြန်ဖြုတ်ကြပြီ" ဟု တမူးဒေသခံတစ်ဦးက ပြောသည်။

ဂြိုလ်တု၊ ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုမှုများပြုလုပ်ပါက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ၅ သိန်းအထိ အရေးယူခံရနိုင်ကြောင်း မေလ ၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

PSI ဂြိုလ်စလောင်းသည် အာဏာသိမ်းစစ်ကောင်စီမှ ထုတ်လွှတ်ခွင့်ပိတ်ထားသည့် Mizzima နှင့် DVD သတင်းများကို ကြည့်ရှုနိုင်သည့်အတွက် ဖြုတ်သိမ်းခိုင်းခြင်းဖြစ်သည်။

အလားတူ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြီးခဲ့သည့် ဧပြီလကတည်းက PSI/TATA စလောင်းများ တပ်ဆင်ခြင်းရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးသိမ်းယူမှုရှိခဲ့ကြောင်းလည်း သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...