ထိုင်းနယ်စပ် ထွက်ပြေးရသည့် ကရင်ဒုက္ခသည်များ အခြေအနေ အင်တာဗျူး

ထိုင်းနယ်စပ် ထွက်ပြေးရသည့် ကရင်ဒုက္ခသည်များ အခြေအနေ အင်တာဗျူး

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က ၎င်းတို့ နယ်မြေရှိ အာ ဏာ သိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်စခန်းတစ်ခုကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ က  ဝင်ရောက်သိမ်းပိုက်လိုက်သည့်နောက်ပိုင်း စစ် ကောင်စီ မှ တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများရှိ ခဲ့သည်။

လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံ ကျေးရွာသားအချို့ သေကြေဒဏ်ရာ ရရှိမှုများရှိ လာ သည့်အပြင် ရွာလုံးကျွတ်လည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အချို့မှာ တောထဲသို့ထွက်ပြေးနေရပြီး သံလွင်မြစ်ကမ်းဘေးနားတွင် တည်ရှိသည့် ကျေးရွာများမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ၏ နေထိုင်စား သောက်ရေး အခြေအနေ၊ လက်ရှိတပ်မဟာ ၅ ဧရိယာဖက်မှ စစ်ရေး အခြေအနေ စသည့် အကြောင်းအရာများ ကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN မှ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကို ဆက်သွယ် မေး မြန်းရာမှာ အဖြစ်အပျက်တွေကို ယခုလို စပြောသည်။

နော်ဝါခူရှီး - အခုတော့ ဒေသခံ ပြည်သူတွေကတော့ ထွက်ပြေးနေရတယ်ပေါ့နော။ မယ်နူထာ၊ ခိုကေး၊ အူးဝဲက လိုး အဲဒီ သံလွင်မြစ်ဘေးက လူတွေကတော့ ထိုင်းဖက်ကို ထွက်ပြေးနေရတယ်။ အဲမှာ လူဦးရေ သုံးထောင် လောက်ရှိတယ်ပေါ့နော်။ ဒါပေမယ့် တပ်မဟာ ၅ ဒေဖိုးနိုဖက်က လူတွေကတော့ သူတို့ ဘေးလွတ်ရာဖက်ကို ထွက်ပြေးနေရတယ်ပေါ့နော်။ လူဦးရေ ဘယ်လောက်ထွက်ပြေးနေရလဲဆိုတာကိုတော့ အတိအကျ မသိရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလိုင်းတွေ မရတော့လို့လေ။ ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်သွားတဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် ဆက်သွယ်လို့ မရဘူး။ အဲဒါကြောင့် အဲဖက်က နောက်ဆုံး အခြေအနေကို မသိရဘူးဖြစ်နေ တယ်။

မေး - ထိုင်းဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ ထိုင်းဖက်က သဘောထားကရော ဘယ်လိုရှိ သလဲ။ ဘယ်လိုတွေ့ရသလဲ။

နော်ဝါးခူရှီး - သူတို့ ထိုင်းဖက်ကို ထွက်ပြေးတဲ့အခါမှာ ဘာတွေ့ရသလဲဆိုတော့ သူတို့အတွက် အခက်အခဲရှိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းက သူတို့ကို ဒီဖက်ကို လာတာကို လက်ခံချင်တဲ့ပုံမတွေ့ရဘူး။ ဒါပေမယ့် လာ လို့ရတယ်။ အခုသူတို့ကို နေပူတဲ့နေရာ ရေမရှိတဲ့နေရာကို ပြောင်းပေးထားတယ်။ ရေမရှိတဲ့အတွက် ကလေး တွေရော ကိုယ်ဝန်ဆောင်တွေရော သက်ကြီးရွယ်အိုတွေရော၊ နာမကျန်းတဲ့သူတွေရော စတဲ့ ထွက်ပြေးလာတဲ့ သူတွေအတွက် အခက်အခဲဖြစ်စေတယ်။ နေဖို့နေရာမရှိဘူး အဆောက်အအုံမရှိဘူး။ ကလေးတွေက ဗိုက်ဆာ  တာတွေ ရေသောက်ချင်တာတွေရှိပေမယ့် ရေမသောက်ရဘူး။ အဲဒီမှာ အကူအညီပေးမယ့် အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ သွားချင်ပေမယ့် ထိုင်းစစ်တပ်က အခွင့်မပေးဘူး။ အဲဒါကြောင့် အသက်ကြီးတဲ့ သူတွေထဲ က တချို့ကတော့ စားစရာတွေကို ဟိုဖက်ကမ်းမှာ သွားပြန်ယူရတာရှိတယ်။ စားစရာတွေ ရေတွေကို သူတို့ရဲ့ ရွာမှာ ပြန်ယူနေရတယ်။

မေး - ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် စားဝတ်နေရေးရော၊ နေရေးထိုင်ရေးရော အစစအရာရာ အခက် အခဲရှိနေတယ်ဆိုတော့ အကူအညီပေးနိုင်ဖို့အတွက် ဘယ်လိုကူညီလုပ်ဆောင်ပေး ဖို့ရှိသလဲ။

နော်ဝါးခူရှီး - အခုအချိန်က ကျမတို့ အကူအညီပေးမယ့်အဖွဲ့တွေကို အကူအညီတောင်းဖို့ဆိုတာ အခက်အခဲ မဟုတ်ဘူး။ အခက်အခဲက သူတို့ဆီသွားဖို့ကို ထိုင်းစစ်တပ်ဖက်က ခွင့်မပြုဘူး။ အကူအညီပေးဖို့ သွားရောက် မယ့် အဖွဲ့အစည်းတွေက သူတို့ဆီကို ရောက်အောင်သွားဖို့ဆိုတာ အခက်အခဲတွေရှိနေတယ်။ အစားအသောက် တွေ သယ်သွားတာတို့ လိုအပ်တာတွေ သွားပို့ပေးဖို့ ထိုင်းစစ်တပ်ဖက် ခွင့်မပြုတဲ့အတွက် အခက်အခဲဖြစ်နေတာ ဟုတ်တယ်ပေါ့နော်။ အဲဒါက ကျမတို့ စဉ်းစားတာက အခုက NGO အဖွဲ့အစည်း တွေပဲဖြစ်ဖြစ် UNHCR ပဲ ဖြစ် ဖြစ် ထိုင်းနိုင်ငံက အကူအညီပေးတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် ထွက်ပြေးလာတဲ့ သူတွေကို အကူအညီသွားပေးလို့ရ အောင် တွန်းအေားပေးဖို့ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေက များသောအားဖြင့် ကလေးတွေပဲ ဖြစ်တယ်ပေါ့နော်။

မေး - ထွက်ပြေးလာတဲ့သူတွေကို ထိုင်းဖက်က ဘယ်နေရာမှာ ထားတာလဲ။

နော်ဝါးခူရှီး - ထွက်ပြေးလာတဲ့သူတွေကို ထိုင်းဖက် ကလိုပါလား အဲဒီဖက်မှာ ထားတယ်။ သူတို့ခေါ်တာ နာမည် တစ်ခုရှိသေးတယ်။ မမှတ်မိတော့ဘူး။ ဒါပေမယ့် အဲဒီနေရာကတော့ ရေမရှိတဲ့နေရာ ခြောက်သွေ့ပူပြင်းတဲ့ သံလွင်မြစ်ကမ်းဘေးကနေရာဖြစ်တယ်။ အဲဒီနေရာက မဲဟောင်ဆောင်ခရိုင်ဖက်မှာ ဖြစ်တယ်။ တပ်မဟာ ၅ ဧရိယာဖက်မှာဖြစ်တယ်။ သူက တပ်မဟာ ၅ နယ်စပ်နဲ့ နီးတယ်ပေါ့နော်။

မေး - တပ်မဟာ ၅ ဧရိယာဖက်ကို အာဏာသိမ်းစစ်ကောင်စီဖက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တဲ့ အတွက် အဲမှာ ရှိနေတဲ့ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာ လူအသေအပျောက်တွေရှိလား။ ဘယ်လောက်အထိရှိနေသလဲ။

နော်ဝါးခူရှီး - သူတို့က ဗုံးလာပစ်ချတယ်။ သေနတ်တွေလည်းပစ်တယ်။ အဲဒီမှာ လူသုံးလေးလောက် သေ တယ်။ ထိခိုက်ဒဏ်ရာရတာက ၈ ယောက်လောက်ရှိတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေး ကုသဖို့အတွက် ထိုင်းဖက်ကို ပို့ဖို့လိုတယ်။ ဒါပေမယ့် ထိုင်းဖက်ကိုပို့ဖို့က မလွယ်ဘူးဖြစ်နေတယ်။ သူတို့တွေက ထိခိုက်ဒဏ်ရာရတာ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တယ်။ သေတဲ့လူတွေကလည်း ကျေးရွာသားတွေ ဖြစ် တယ်။ ကလေးတွေဖြစ်တယ်။ အိမ်မီးလောင်တဲ့ အရေအတွက်ကို သူတို့ တိတိကျကျ ပြောလို့မရသေးဘူး။ ဒေ သအခြေအနေက မတည်မငြိမ်ဖြစ်နေဆဲဖြစ်တဲ့အတွက်ကြောင့်ရယ် လေယာဉ်တွေကလည်း အချိန်မရွေး ဗုံး လာကြဲနိုင်တဲ့ အတွက် အချက်အလက် တိတိကျကျ ရဖို့ခက်နေတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ အဆောက်အဦး တော်တော်များများ မီးလောင်သွားတယ်လို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆောက်အဦး တွေက ဝါးနဲ့သစ်တွေပဲ ဖြစ်လို့လေနော်။

မေး - ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာတွေက ဘယ်နှစ်ရွာလောက်ရှိသလဲ။

နော်ဝါးခူရှီး - ဒေပိုနိုရွာ၊ မယ်နူထာ၊ သီးကော်ထာ၊ ပြီးတော့ အီးသူးထာလည်းပါတယ်။ အဲဒါက သူတို့တွေက ထိုင်းဖက်ကို ထွက်ပြေးတိမ်းရှောင်တာဟုတ်တယ်။ မယ်နူထာနဲ့ အူးဝေကလိုး၊ အီးသူးထာရွာတွေက သံလွင်မြစ်  နဲ့ နီးတဲ့အတွက် သူတို့က ထိုင်းဖက်ကို ထွက်ပြေးရတယ်။ ပြီးတော့ ဒေပိုနိုရွားနဲ့ နီးတဲ့ရွာရှိတယ်။ တကောတို ဘော၊ ဒေပိုနို၊ ပြီးတော့ သဒါးဒဲ၊ အဲဒီက ရွာသားတွေက တောထဲကို ထွက်ပြေးနေရတယ်။

မေး - ဒီနေ့ရော တိုက်ပွဲဖြစ်သေးလား။ အဲဖက်မှာ ဘယ်လိုကြားထားသေးလဲ။

နော်ဝါးခူရှီး - ဒီနေ့မှာလည်း သူတို့လာပစ်တာတွေရှိတယ်။ မနေ့ညက သူတို့ ၃ ခေါက်လာပစ်တာရှိတယ်။ အခု လည်း မနက်ကနဲ့ ဒီနေ့ခင်းဖက်မှာလည်း သူတို့လာပစ်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ခုနက လေယာဉ် ငါးစင်းထွက်လာတယ်လို့ ကြားတယ်။ ဘယ်ဖက်ကို လာမလဲဆိုတာကိုတော့ မသိရဘူး။ ဒရုန်းတွေနဲ့ လာကြည့်တာတွေ ရှိတယ်လို့ သိရတယ်။ အဲလိုလာကြည့်တဲ့နောက်မှာတော့ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာ မလဲ ဆိုတာကိုတော့ မသိရဘူး။ ဒါကြောင့် အားလုံးက ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ပဲ နေနေရတာဖြစ်တယ်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...