Published
Wednesday, March 24, 2021
လေးကေကော်မြို့သစ်ထဲ နယ်မြေခံစစ်တပ်ဝင်ရောက်စစ်ဆေးမှုလုပ်ဖို့ကြိုးစားပေမဲ့ မြို့သစ်တာဝန်ရှိသူတွေက ခွင့်မပြု (မတ်လ ၂၄၊ ၂၀၂၁)
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရင်း ကျဆုံးသွားတဲ့ အာဇာနည်လူငယ်တွေအတွက် ဆုတောင်းပွဲကို ဖားအံမြို့နယ်က ဇွဲကပင်တောင်ခြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
မြဝတီမြို့တောင်ပိုင်းက လေးကေကော်မြို့သစ်ထဲကို နယ်မြေခံစစ်တပ်က ဝင်ရောက်စစ်ဆေးမှုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မြို့သစ်တာဝန်ရှိသူတွေက ခွင့်မပြုခဲ့ပါဘူး။
CRPH အနေနဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ မတရားအသင်းတွေကနေဖယ်ရှားမှုဟာ ကောင်းမွန်တဲ့ခြေလှမ်းအစဖြစ်ပြီး ထပ်တိုးလုပ်ဆောင်မှုတွေ လုပ်ဆောင်သွားဖို့လိုတယ်လို့ ကရင့်ခေါင်းဆောင်တွေက ရှုမြင်ကြပါတယ်။






