Published
Thursday, March 18, 2021
ဒေါလောခူ ရေသိုလှောင်ကန်တွင် အမျိုးအမည်မသိ ဆေးရည်ဆေးမှုန့်တွေ့လို့ အဆိပ်ခပ်ခံရမှာကို ဒေသခံတွေစိုးရိမ် (မတ်လ ၁၈၊ ၂၀၂၁)
ဖရူဆိုမြို့နယ် ဒေါလောခူကျေးရွာက ရေသိုလှောင်ကန်အတွင်းမှာ အမျိုးအမည်မသိ ဆေးရည်တွေ၊ ဆေးမှုန့်တွေရှိနေလို့ အဆိပ်ခပ်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဖယ်ခုံမြို့ သပိတ်ဖြိုခွင်းခံရပြီး ပြည်သူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ကို စစ်ကောင်စီက တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)အပြင် ပုဒ်မ ၁၀၉ နဲ့ ဖမ်းဆီးတရာစွဲဆိုထားပါတယ်။






