Published
Thursday, March 18, 2021
မြန်မာနိုင်ငံရေးပြဿနာ ရေရှည်ဖြေရှင်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းဖို့လိုဟုပြော (မတ်လ ၁၇၊ ၂၀၂၁)
ကရင်ပြည်နယ် မြဝတီမြို့မှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူဦးရေ (၈၀) ဝန်းကျင်လောက်ရှိပြီး အများစုကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပါတယ်။
တပ်မတော် အာဏာသိမ်းတဲ့နေ့ကတည်းက နိုင်ငံ့ခေါင်းဆောင်တွေကို ထိန်းသိမ်းချိန်မှာ အဖမ်းခံထားရတဲ့ အဆိုတော် စောဖိုးခွားကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပါတယ်။
မြန်မာပြည်ရဲ့နိုင်ငံရေးပြဿနာတွေကို ရေရှည်ဖြေရှင်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းဖို့လိုတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။






