မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ် အချို့အား တရားစွဲ

မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ် အချို့အား တရားစွဲ

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရကြောင်း ပြည်နယ် NLD တာဝန်ရှိသူများက ပြောသည်။

ဝန်ကြီးချုပ်နှင့် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို ပုဒ်မ ၅၀၅(က)ဖြင့်လည်းကောင်း၊ သထုံမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ၅၀၅(က)နှင့် ၅၀၅(ခ) ဖြင့်လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တရားစွဲထားသည်ဟု ပြောသည်။

ဝန်ကြီးချုပ်အား CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် video ဖြင့် ပြောကြားခဲ့ခြင်းကြောင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ပါ ဝင်ခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

“ကိုယ်စားလှယ်တွေက ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ ပါဝင်လို့ အဲဒါကို ၅၀၅(က) တရားစွဲထားတယ်၊ ဖမ်းခံထားရ တာရှိတယ်၊ တချို့ကလည်း ရှောင်နေရတယ်။ ဝန်ကြီးချုပ်ကျတော့ ဖမ်းခံထိထားတယ်လေ သူ့ကိုလည်း တရား စွဲ ထားတယ်” ဟု မွန်ပြည်နယ် NLD ပါတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ဝန်ထမ်းများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) စာထုတ်ပြန်ခဲ့သည့် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ကို လည်း ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲထားသည်။

လက်ရှိတွင် တရားစွဲခံထားရသူများအနက်မှ ဝန်ကြီးချုပ်နှင့် ဒေါ်မာမာခိုင်တို့ကို ဖမ်းဆီးခံထားရပြီး ကျန် လွှတ် တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံထားရခြင်းမရှိပဲ တိမ်းရှောင်နေကြရသည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ တရားစွဲဆိုခံရပြီး ဖမ်းဆီးမှုရှိလာခြင်းကြောင့် လက်ရှိတွင် NLD ပါတီဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပုဒ်မ ၅၀၅(က)(ခ) တို့သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ကျခံရနိုင်ပြီး ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ်ခံရနိုင် သည့် ပြစ်မှုများ ဖြစ်သည်။

May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...