အင်တာနက်လိုင်းများ အချိန်ကန့်သတ်ထားခြင်းနှင့် Facebook လူမှုကွန်ရက် စာမျက်နှာများကို ပိတ်ထားခြင်း သည် လူငယ်များအတွက် အခွင့်အလမ်းများကို ဆုံးရှုံးစေသည်သာမက အခွင့်အရေးချိုးဖောက်ခံရသည့် အနေ အထားမျိုးဖြစ်စေသည်ဟု ကချင်ပြည်နယ် လူငယ်များက ပြောသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် အင်တာနက်လိုင်းများကို အချိန်ကန့်သတ်ပိတ်ပင်ခြင်း၊ လူမှုကွန်ရက် စာ မျက်နှာကို ပိတ်လိုက်ခြင်း၊ အင်တာနက်လိုင်းမြန်နှုန်းများကို လျော့ချခြင်းများ လုပ်ဆောင်နေသည့်အတွက် အင် တာနက်လိုင်းမှတဆင့် စာသင်ကြားနေသည့် ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားများအတွက် အခက်အခဲဖြစ်စေ သည်ဟု ကျောင်းသားတစ်ဦး က ပြောသည်။
မြစ်ကြီးနားမြို့ ကွန်ပြူတာတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသားတစ်ဦးက “ကျနော်က လူငယ်တစ် ယောက်ဆိုတာထက် ကွန်ပြူတာတက္ကသိုလ်ကျောင်းသား၊ ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားဆိုတော့ အင်တာနက်က ည တစ်နာရီကနေ ၉ နာရီအထိပိတ်လိုက်တယ်။ ကျနော်တို့က နေ့စဉ်နဲ့အမျှ ကွန်ပြူတာကျောင်းကဆိုရင် အခု ဆိုရင်လည်း Activity တွေလုပ်နေတယ်။ သင်တန်းတွေဘာတွေလုပ်တယ်။ အွန်လိုင်းကနေ Zoom နဲ့ လုပ် တယ်။ အဆင်မပြေတော့ဘူး။ Home work(အိမ်စာ)တွေပေးပြီဆိုရင် လုံးဝအဆင်မပြေတော့ဘူး။ သူတို့ လုပ် ရပ်က ကျနော်တို့အတွက် လုံးဝကို အဆင်မပြေစေဘူး” ဟု ပြောသည်။
ယခင် အင်တာနက်အွန်လိုင်းကနေ စာသင်ကြားပို့ချမှုများ၊ လေ့လာမှုကိုလုပ်ကိုင်နေကြသည့် ကွန်ပြူတာတက္က သိုလ်မှ ကျောင်းသားများသည် စစ်အာဏာသိမ်းပြီးနောက် သင်ကြားမှု၊ ပို့ချမှု အားလုံးကို လုံးဝရပ်နားထားရ သည်ဟု ဆက်ပြောသည်။
“အာဏာမသိမ်းခင်အထိက ကျနော်တို့ကို ကျောင်းကနေ training တွေ၊ သင်တန်းတွေလုပ်ပေးနေတယ်။ Zoom နဲ့သင်တယ်။ online ကနေပဲ အဓိကလုပ်နေရတယ်။ အဆင်ပြေပြေနဲ့ သင်တန်းတွေ လုပ်နေတဲ့အချိန် မှာ အခုလို ဖြစ်သွားတော့ ဘာမှကို လုံးဝကို အဆင်မပြေတော့ဘူး။ သင်ခန်းစာတွေ အကုန်လုံး လုံးဝရပ်ထားရ တာပါ။”
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်၍ ၂၈ ရက်နေ့အထိ နံနက် ၁ နာရီမှ နံနက် ၉ နာရီအချိန်ထိ အင်တာနက်လိုင်း များကို ယာယီဖြတ်တောက်ထားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၁ ရက်နေ့အထိ ယခင်အတိုင်း ဖြတ်တောက်ထားခြင်းဖြစ်သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်နေသည့် ကချင်လူငယ်တစ်ဦးကလည်း “ပြောရမယ်ဆိုရင် ကျနော်တို့နိုင်ငံက အခုမှ ဒီမိုကရေစီလမ်းစဉ်ပေါ် သွားနေတဲ့ နိုင်ငံ၊ ဒီမိုကရေစီရဲ့ feeling ကို စတင်ပြီးမှ ခံစားရချိန် ဒီလိုလုပ်လိုက်တာဆိုတော့ တအားကြီးကို ဆုံးရှုံးနစ်နာသွားတယ်။ ပြီးရင် ကျနော်တို့ လူငယ်တွေဆိုရင် Game တွေဆော့ကြတယ်၊ အခုက အင်တာနက်လိုင်းက မကောင်းတော့ဘူးဆိုတော့ လူငယ် တွေအတွက် relaxing အချိန်တွေ ပျောက်ကုန်တယ်” ဟု ပြောသည်။
အင်တာနက်လိုင်းကန့်သတ်ချက်များကြောင့် လူငယ်များအတွက် စာပေလေ့လာသင်ကြားမှုများကို ထိခိုက်စေ သည်သာမက လွတ်လပ်မှု၊ ပျော်ရွှင်ရသည့် အချိန်များကို ဆုံးရှုံးစေသည်ဟုလည်း လူငယ်များက ပြောသည်။
“ကျမတို့ရဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်ခံလိုက်ရသလိုလိုဖြစ်သွားတယ်။ online ကနေ စျေးရောင်းနေတာ တွေ ရပ်သွားရတယ်။ ဘယ်သွားသွားလည်း မလုံခြုံသလိုခံစားရတယ်။ ကျမတို့ရဲ့ လွတ်လပ်စွာ နေထိုင်ခွင့်တွေ က ဆုံးရှုံးသွားသလို ခံစားနေရတယ်” ဟု မြေမြင့်ရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ Gen Z လူငယ် တစ်ဦး က ပြောသည်။
အခြားသော နိုင်ငံများတွင် 4G မြန်နှုန်းမှ 5G မြန်နှုန်းမြင့်သွားနေချိန် ယခုကဲ့သို့ ထိန်းချုပ်ခြင်းသည် လုံးဝမဖြစ် သင့်ဘူးဟု လူငယ်များက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် အများပြည်သူ ၏ အကျိုးကို ထိခိုက်ပျက်ပြားစေရန်သော်၎င်း၊ နိုင်ငံ့ဝန်ထမ်းများကို အထင်အမြင်လွှဲမှားစေရန်သော်၎င်း၊ သွေး ထိုးလှုံ့ဆော်မှုများ၊ မဟုတ်မမှန်သတင်းအချက်အလက်များကို လူမှုကွန်ယက်စာမျက်နှာနှင့် ဝက်ဆိုက်များတွင် ရေးသားဖြန့်ဝေနေသည့်အတွက် ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ယာယီတားဆီးပိတ်ပင်ရန် အကြောင်းကြား သည်ဆိုသည့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီးနောက် ယနေ့ အချိန် ထိ ထိုသို့ပိတ်ပင်ထားခြင်းဖြစ်သည်။







