ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည် သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကျခဲ့သည့် လက်နက်ပြီးကျည်ကြောင့် နမ္မတူမြို့နယ် မန်စံကျေးရွာက ဒေသခံ ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောငည်။
မန်စံကျေးရွာက ရပ်မိရပ်ဖတစ်ဦးက “၂၈ ရက်နေ့က ဖြစ်တာပါ။ လက်နက်ပြီးက ၇ လုံးလောက်တောင်မှ ရွာ ထဲကို ကျတာပါ။ လူတွေလည်းထိသွားတယ်။ ဒဏ်ရာရတဲ့လူတွေက အခု ဒီလားရှိုးဆေးရုံမှာပါ။ စစ်ဆေးရုံမှာ ပါ။ စိုးရိမ်ရတဲ့လူတွေလည်းပါတယ် အရမ်းစိုးရိမ်ရတာက ၂ ယောက်ပါ။ နည်းနည်းပါးပါး ထိခိုက်ဒဏ်ရာ ရ တာတွေလည်းရှိတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲမှာ ရွာထဲတွင် ဖြစ်ပွားခြင်းမဟုတ် ဟုလည်း ဒေသခံများက ပြောသည်။
မန်စံကျေးရွာအနီးဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုများကြောင့် ရွာသားများ နမ္မတူမြို့ဘက်သို့ စစ်ဘေးရှောင်နေ ကြရသည်။
“ရွာထဲက ကျွဲ တွေလည်း ထိတယ်။ လက်နက်ကြီးထိပြီးသေသွားတာ။ ကျွဲက တစ်ကောင်၊ ဝက်က ၄-၅ ကောင် ရှိတယ် သေသွားတာ။ ခွေးလည်း ထိတာ ရှိတယ် သေသွားတယ်။ အိမ်မီးလောင်သွားတာလည်းရှိတယ်။ အိမ်ဆို တာက ရွာမှာ ပြောင်းဖူးတွေလှောင်ထားတဲ့ အိမ်ပေါ့ အဲ့ဒါမီးလောင်တယ်။ တချို့အိမ်တွေကတော့ လက်နက် ကြီးကျည်ဆမှန်တယ်။ တိုက်ပွဲက ၂၇ ရက်နေ့ကလည်း ဖြစ်တယ်၊ ၂၆ ရက်နေ့ကလည်း ဖြစ်တယ်။ ဆက်တိုက် ပွဲ ဒီရက်ပိုင်းဖြစ်တာ။ ရွာ ဘုန်းကြီးလည်း အရင်နေ့က ကျည်စထိသွားသေးတယ်။ သူကတော့ မစိုးရိမ်ရပါဘူး” ဟု မန်စံကျေးရွာက ဒေသခံတစ်ဦးက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၂၇ ရက် ကလည်း မန်စံကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မန်စံဘုရားကျောင်း ကို ကျည် ထိမှန်ခဲ့ပြီး၊ အဆိုပါကျောင်းမှ ကျောင်းထိုင်ဆရာတော် ကျည်စ ထိမှန်ခဲ့သည်ဟု မန်စံဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ လလယ်ခန့်က စတင်ပြီး တအန်းတပ်တော် PSLF/TNLA၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA တို့အကြား နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းက ကျေးရွားအချို့တို့တွင်လည်း အဆိုပါတပ်များ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးတိန်းရှောင်နေရသည်မှာ ယနေ့အချိန်ထိ ဖြစ် သည်။
နမ္မတူမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်းက တအန်းတပ်တော် PSLF/TNLA၊ ရှမ်းပြည်တပ်မတော် (မြောက် ပိုင်း) SSPP/SSA နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA တို့အကြား ဖြစ်ပွားနေသည့် အဆိုပါ တိုက် ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံပြည်သူ ၂၀၀၀ နီးပါးခန့် စစ်ဘေးလွတ်ရာ နေရာများ သို့ ထွက်ပြေး နေရှောင်နေကြရပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေသည်ဟု အကူအညီပေးသူများနှင့် ဒေသခံများက ပြော သည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း တပ်မတော်မှ အာဏာသိမ်းပြီး ရက်ပေါင်း ၂၀ အကြာခန့်ကစတ်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ် ပွားခဲ့ပြီး ယနေ့အချိန်ထိလည်း နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။







