မွန်ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် ဝန်ကြီးများ ခံဝန်ဖြင့် ပြန်လွှတ်

မွန်ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် ဝန်ကြီးများ ခံဝန်ဖြင့် ပြန်လွှတ်

တပ်မတော်မှ အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည့် မွန်ပြည်နယ်လွှတ်တော် ဥက္ကဌနှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို  ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လည်ပိုင်းက ပြန်လွှတ်ပေးခဲ့သော်လည်း မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ဆက်လက်ထိန်းသိမ်းထားသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန် ကြီးအများစုတို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်အစိုးရဝန်ကြီးအိမ်ရာဝင်းတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက ဝန်ကြီးချုပ်ကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“နိုင်ငံရေးလှုပ်ရှားမှု တွေ ဆန္ဒပြတာတွေ လှုံ့ဆော်တာတွေမလုပ်ဖို့ ကတိခံဝန်ချက် လက်မှတ်ထိုးခိုင်းတယ်၊ ဖောက်ဖျက်ရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ်ဆိုတာ ပါတယ်” ဟု ပြန်လွတ်လာသည့် မွန်ပြည်နယ်အစိုးရ အဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် တိုင်းနှင့် ပြည်နယ် အသီး သီးက ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစုနှင့် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့တို့ကို တပ်မတော်က ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ အချို့တို့ကို ပြန်လွှတ်ပေးနေသော်လည်း နိုင်ငံတော်သမ္မတ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့တို့ကို ဖမ်းဆီးခံထားရဆဲဖြစ်သည်။

တိုင်းနှင့် ပြည်နယ်အချို့က ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို တရားစွဲဆိုနေခြင်းလည်းရှိနေသည်။

ရွှေဘိုအကျဉ်းထောင် (ပုံဟောင်း - Crd)
August 15, 2026
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈...
August 15, 2026
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရခိုင်ပြည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့အား စစ်တပ်က...
August 14, 2026
ဧရာဝတီတိုင်းအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့...
August 14, 2026
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့်...