ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် KNU ကွန်ဂရက်အပေါ် ရိုက်ခတ်မှုရှိ

ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် KNU ကွန်ဂရက်အပေါ် ရိုက်ခတ်မှုရှိ

လတ်တလောဖြစ်ပွားနေသည့် မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုနှင့်၎င်းအပေါ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု များကြောင့် လာမည့် မတ်လတွင် ကျင်းပရန်လျာထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပရန် မသေချာသေးကြောင်း KNU က ပြောသည်။

လာမည့် မတ်လအတွင်း (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပနိုင်ရန် ယခုဖေဖော်ဝါရီလအတွင်း KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးရန် ကနဦး စီစဉ်ထားသော်လည်း လတ်တ လောဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုကြောင့် ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း KNU တွဲဖက်အထွေထွေအတွင်း ရေးမှူး (၂) ပဒို စောလှထွန်းက ယခုလိုပြောသည်။

“ကနဦးက မတ်လမှာ ကျင်းပနိုင်ဖို့ ဒီဖေဖော်ဝါရီလထဲမှာ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးခေါ်ဖို့ရှိ တယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဒါကအရေးပေါ်ကာလတစ်ခုဖြစ်လာတယ်။ ဒါကြောင့် အမြဲတမ်းကော်မတီအစည်းအဝေးခေါ်ဖို့ ရှိပေမဲ့ မခေါ်နိုင်သေးဘူး။ ဒီအစည်းအဝေးကနေပဲ ကွန် ဂရက်ကို ဘယ်လိုပုံစံ ကျင်းပကြမလဲဆိုတာကို ဆွေးနွေးကြမှာ။ ဒါပေမဲ့ အခုအစည်းအဝေး မခေါ်နိုင် သေးတာကြောင့် ဒီမတ်လထဲမှာ ကျင်းပမယ့်ကွန်ဂရက်က မဖြစ်လာနိုင်သေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ ဖွဲ့စည်းပုံအရ KNUကွန်ဂရက်အစည်းအဝေးကြီးကို လေးနှစ်တစ်ကြိမ်ကျင်းပရမည် ဖြစ်ပြီး ယခုနှစ်များအတွင်းဖြစ်ပွားခဲ့သည့် ကိုဗစ်ကပ်ရောဂါကာလတွင် သွားလာရေးအခက်အခဲများကြောင့် မကျင်း ပနိုင်သေးဘဲ မတ်လတွင် ကျင်းပရန် စီစဉ်ခဲ့ရာမှ လက်ရှိ စစ်အာဏာသိမ်းမှုကြောင့်ကျင်းပချိန်ကို ရွှေ့ဆိုင်း ထားရခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် (၁၆) ကြိမ်မြောက် ကွန်ဂရက်ကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှု အကြောင်းပြချက်များဖြင့် ၂၀၁၆ခုနှစ်တွင် ကျင်းပရန် စီစဉ်ခဲ့ပြီးမှ နောက်ထပ် (၆)လကာလ အတွင်း ကျင်းပရန် ရွှေ့ဆိုင်းလိုက်ရပြီး ၂၀၁၇ ခုနှစ် မတ်လ ၁၄ရက်နေ့မှသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

KNU ၏ ဖွဲ့စည်းပုံထဲတွင် နိုင်ငံရေးအခြေအနေနှင့်စစ်ရေး ပဋိပက္ခအခြေအနေများကြောင့် ကွန်ဂရက်ကို ကျင့် ပသည့် ကာလထက် နောက်ထပ် ၁ နှစ်မှ ၂ နှစ်အထိ ရွှေ့ဆိုင်းနိုင်သည်ဟု ပြဌာန်းထားသော်လည်း ဗဟို အမြဲတမ်း ကော်မတီဝင်များ၏ ၇၀ ရာခိုင်နှုန်း ထောက်ခံမှုရရှိမှသာ ကွန်ဂရက်ကို ရွှေ့ဆိုင်းနိုင်ကြောင်း သိရ သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...