အသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးအလိုမရှိကြောင်း ဖားအံအမှတ် ၉ ရပ်ကွက်နေ လူထုဆန္ဒထုတ်ဖော်

အသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးအလိုမရှိကြောင်း ဖားအံအမှတ် ၉ ရပ်ကွက်နေ လူထုဆန္ဒထုတ်ဖော်

အသစ်ခန့်အပ်လိုက်သည့် ကရင်ပြည်နယ် ဖားအံမြို့ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ်အား အလိုမရှိ ကြောင်း ရပ်ကွက်နေ ပြည်သူလူထုများမှ ဖေဖော်ဝါရီလ ၂၃ရက်နေ့လည်အချိန်တွင် အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခု အသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်နေပြည်သူလူထုရွေးချယ်တင်မြောက်သည့် အုပ် ချုပ်ရေးမှူး မဟုတ်သလို လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးမှူးကိုသာ ဆက်လက်လုပ် ဆောင်စေလိုသည့်အတွက် ယခုလို သွားရောက်ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြည်သူလူထုများက ပြောသည်။

အမှတ် ၉ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရပ်ကွက်နေ ပြည်သူအချို့သွား၍ “ဦးဝေလင်းအလိုမရှိ၊ ပြည်သူ့ ဆန္ဒအလေးထားပါ၊ ကောင်စီအားပေးသူမှန်သမျှ ဆန့်ကျင်ကြစသည့် ကြွေးကြော်သံများနှင့်အတူ ကြွေးကြော် သည့်အပြင် အုပ်ချုပ်ရေးမှူးအလိုမရှိ မိမိရပ်ကွက်ကို ရပ်ကွက်သူရပ်ကွက်သားများအုပ်ချုပ်မည်စသည့် စာတန်းများကိုလည်း အုပ်ချုပ်ရေးမှူးရုံးအရှေ့ ခြံစည်းရိုးတွင် သွားရောက်ကပ်ထားခြင်းလည်းရှိသည်။

အသစ်ရွေးချယ်တင်မြောက်သည့် ဖားအံမြို့နယ်အတွင်းရှိ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသီးသီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ ယာယီတာဝန်ပေးအပ်လိုက်ကြောင်း ဖားအံမြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးခန့်အပ်ခြင်းဖြစ်သည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများခန့်အပ်သည့်အစီအစဉ်သည် သက်ဆိုင်ရာ ကျေးရွာ နှင့် ရပ်ကွက်နေပြည်သူလူထုအသီးသီးမှ ရွေးချယ်ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများမဟုတ်သည့်အတွက် ယခုလို ကန့်ကွက်မှုများရှိလာခြင်းဖြစ်သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...