စစ်ကားများပေါ်မှ လေးဂွဖြင့်ပစ်၊ အရပ်သားများ ထိမှန်

စစ်ကားများပေါ်မှ လေးဂွဖြင့်ပစ်၊ အရပ်သားများ ထိမှန်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြရာ ၎င်းတို့ လူအုပ်ထဲသို့ စစ်ကားပေါ်ကနေ လေးဂွဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ဦးခေါင်းထိ မှန်ခဲ့သည်။

ယခုရက်ပိုင်း မြစ်ကြီးနားမြို့ က ဆန္ဒထုတ်ဖော်မှုများတွင် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ပြည်သူများကို လေး ဂွဖြင့် ပစ်ခြင်း၊ သတင်းထောက်များအား လေးဂွများဖြင့် ပစ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

ယနေ့ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်သပိတ်တွင် ပါဝင်သူ ဒေသခံတစ်ဦး က “အဲ့သတင်းက ဟုတ်ပါတယ်။ ကျနော်တို့ ဆိုင်ကယ်သပိတ်လုပ်တာပါ၊ မြို့ပတ်တယ်ဗျာ၊ အဲ့မှာ စစ်ကားပေါ်က စစ်သားတွေက လေးဂွနဲ့ ပစ် လိုက်တာပါ။ ကျနော်တို့ ဆိုင်ကယ်ပိတ်လူအုပ်ထဲကို ပစ်လိုက်တာ အဲ့မှာ အမျိုးသမီးတစ်ယောက်ကို ထိသွား တာပါ။ သူ့နဖူးကို ထိသွားတာ။ နဖူးကွဲသွားတယ်ဗျ” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ဆိုင်ကယ်သပိတ်စစ်ကြောင်းသည် အစိုးရရုံးများ ရှိနေရာနေများ၊ ကချင်ပြည်နယ် စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နေအိမ် သို့ သွားပြီး စစ်အာဏာရှင်အလိုမရှိကြောင်း စာရွက်များ သွား ကပ်ခဲ့ကြသည်။

ထို့အပြင် အစိုးရဝန်ထမ်းအိမ်ယာအနီးတွင်လည်း ဆိုင်ကယ်ပျက် campaign လုပ်ဆောင်ခဲ့ကြပြီး မြစ်ကြီးနား မြို့ အထက ၁ ရှေ့တွင် ထိုင်သပိတ်များ လုပ်ဆောင်ခဲ့ကြသည်။  

ထို့အပြင် ယမန်နေ့ ညကလည်း မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် တွင် စစ်ကားများ လှည့်နေစဉ် ကလေးငယ် တစ်ဦးထွက်ကြည့်ရာ လေးဂွဖြင့် အပစ်ခံရပြီး ယခုခါ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု မိသားစုဝင် တစ်ဦး က ပြောသည်။

“မနေ့က ည ၈ နာရီ ကျော်လောက်မှာဖြစ်တာပါ။ ကလေးက စစ်ကားတွေလာတော့ ထွက်ကြည့်တာ၊ အဲ့ဒါ ကားပေါ်ကနေ လေးဂွနဲ့ပစ်လိုက်တယ်။ ကလေးရဲ့ ခေါင်းကိုထိသွားတာပါ။ ကလေးက ဘာမှမသိဘူးလေ။ အသက်လည်း ၃ နှစ်ပဲ ရှိသေးတာဟုတ်တယ်။ ဆေးရုံမှာပါ အခုကတော့။ ညကဆို သတိလည်းခနခန လစ် တယ်။ အန်လည်း အရမ်းအန်တယ်။ ကလေးက စစ်ကားလာတယ်ဆိုတော့ ဘာသိမလဲ ထွက်ကြည့်တာပေါ့။ ဒီလိုပစ်မယ်လည်း ဘယ်ထင်မလဲနော်။ တော်တော် မကောင်းဘူး ဒီလိုလုပ်တာ။”

ယခု ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ တုန်းကလည်း ဆန္ဒပြပြည်သူများနှင့် ဖြစ်စဉ်အတွင်း သတင်းယူနေသူများ၊ မှတ် တမ်းယူနေကြသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက လေးဂွများဖြင့် ပစ်ခြင်း၊ လိုက်လံဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဝိုင်းမော်မြို့တွင်လည်း ယခုလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့် က သံပုံးတီးသည့် နေအိမ်တစ်အိမ်အား သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု Kachin State Civilian Movement က ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုသို့ ခြိမ်းခြောက်ပစ်ခတ်မှုများရှိသော်လည်း မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများ၊ ည ၈ နာရီရောက်တိုင်း သံပုံးတီးသည့် campaign များ ဆက်လက်လုပ်ဆောင်နေဆဲ  ဖြစ် သည်။

တပ်မတော်ယာဉ်တန်းများ၊ ရဲကားများ၊ အချုပ်ကား ယာဉ်တန်းကလည်း မြစ်ကြီးနားမြို့တွင် ပတ်မောင်းလျှက်ရှိ ပြီး အစိုးရရုံးများ၊ ဘဏ်များတွင်လည်း စစ်သားများက လုံခြုံရေးယူထားသည်။

ယနေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ တပ်မတော် ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်များကလည်း မြစ်ကြီးနားမြို့ တွင် ပျံဝဲနေသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...