ဝန်ထမ်းများနှင့် ပတ်သက်၍ စာထုတ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသည်။
ဝန်ထမ်းများ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ အစိုးရအသစ်ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊ CDM တွင် ပါသည့် ဝန်ထမ်းများအား မှတ်တမ်းတင်ကြောင်းပါသည့် စာတစ် စောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဝန်ကြီးချုပ် (ကိုယ်စား) ဦးထွန်းမင်းအောင်က ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်စာနှင့် ပတ်သက်ပြီး ဦးထွန်းမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် မော်လမြိုင်မြို့ နယ် တရားရုံးတွင် အမှုကြီးအမှတ် (၃၄၇/၂၀၂၁) ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဦးတိုက်လျှောက်ထားကြောင်း သိရသည်။
“ဝန်ထမ်းများအတွက် စာတစ်စောင်ထုတ်ပြန်ခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တပ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစတင်၍ လိုက်လံရှာဖွေနေကြောင်း သိရှိထားတယ်” ဆိုပြီး ဝန်ကြီး ဦးထွန်းမင်းအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အာဏာသိမ်းသည့်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး အများစုက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သော် လည်း ဝန်ကြီး ဦးထွန်းမင်းအောင်က လွတ်မြောက်သွားပြီး ယနေ့အထိ တိမ်းရှောင်နေခဲ့ရသည်။
ပုဒ်မ ၅၀၅ (ခ)တွင် “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိခိုက်သည့်ပြစ်မှုကို တစ် ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများ ပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန်အကြံရှိလျှင် သို့တည်း မဟုတ်-ထိုသို့ဖြစ်စေတန်ရာ သည့်အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်ထိထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရ မည်။” ဟု ဖော်ပြထားသည်။
လက်ရှိတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ဝန်ကြီးအများစုကိုတော့ ဝန်ကြီး အိမ်ရာဝင်းအတွင်းတွင် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားသည်







