လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေတာတွေက ပြည်တွင်ရေးတာ ဖြစ်တယ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်ကို ကျောင်းသားသမဂ္ဂ ၁၈ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်

လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေတာတွေက ပြည်တွင်ရေးတာ ဖြစ်တယ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်ကို ကျောင်းသားသမဂ္ဂ ၁၈ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့ကိုခြေရှုပ်နေမှုများအား ရပ်တန်းကရပ်ရမည်ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၁၈ ခုက ပူးတွဲကြေညာချက်ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေး၀န်ကြီး ဝမ်ယိသည် အာဆီယအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ ဒုတိယနိုင်ငံခြားရေး၀န်ကြီးနှင့် ဖေဖေါ်ဝါရီ ၁၉ ရက် (သောကြာနေ့) တွင် ဖုန်းဖြင့် ဆွေးနွေးရာ၌ "မြန်မာ့အရေးသည် ပြည်တွင်းရေးဖြစ်ကြောင်း၊ အာဆီယံ၏ မူဝါဒဖြစ်သည့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက မစွက်ဖက်ရ မူကို ကိုင်စွဲသင့်ကြောင်းကို ထည့်သွင်းပြောကြားသွားခြင်းနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့အရေးသည် ပြည်တွင်းရေးဆိုပါလျှင် တရုတ်နိုင်ငံခြားရေး၀န်ကြီးအနေဖြင့် လွတ်လပ်သော အဖွဲ့အစည်းဖြစ်သည့် အာဆီယံထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ ယခုကဲ့သို့ စွက်ဖက်ကာ အတင်းအဖျင်းပြောရန် အကြောင်း လုံး၀(လုံး၀) မရှိကြောင်း မိမိတို့ ကျောင်းသားသမဂ္ဂတို့မှ ပြင်းထန်စွာ သတိပေးလိုကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌထံ မည်သို့လုပ်သင့်ကြောင်း ညွှန်ကြားချက်ပေးခြင်းသည် ကျင့်၀တ်သိက္ခာမဲ့သော လုပ်ရပ်ဖြစ်သဖြင့် ပြင်းထန်စွာ ရှုတ်ချပြီး ယခုဆောင်ရွက်မှုအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် တရုတ်သံအမတ်ကြီးအား တွေ့ဆုံသတိပေးသင့်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ ဖြစ်ပွားနေသော လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုများ (Crime against Humanity) ၏ အဓိကကြံရာပါများအဖြစ် ကမ္ဘာကြီး၏ ပြစ်တင်ဒဏ်ခတ်မှုကို မလွဲမသွေခံရပါလိမ့်မည်ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၁၈ ခုက ပူးတွဲကြေညာချက်ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါကျောင်းသားသမဂ္ဂများမှာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မိတၳီလာစီးပှားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်)၊ စက်မှုလက်မှုသိပ္ပံ (အင်းစိန်)၊ သန်လျင်နည်းပညာတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)၊ သူနာပြုတက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)၊ (ရန်ကုန်)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ ရတနာပုံဆိုက္ဘာစီးတီး၊ မန္တလေးနည်းပညာတက္ကသိုလ်တို့ဖြစ်ကြောင်း သိရသည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...