သတင်း လွတ်လပ်ခွင့်အတွက် ထိန်းသိမ်းခံခဲ့ရသော သတင်းသမားများ တောင်းဆို

သတင်း လွတ်လပ်ခွင့်အတွက် ထိန်းသိမ်းခံခဲ့ရသော သတင်းသမားများ တောင်းဆို

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများတွင် သတင်းရယူနေသည့် သတင်းသမားတွေကို လွတ်လပ်စွာ သတင်းရယူခွင့်၊ ထုတ်လွှင့်တင်ဆက်ခွင့်များ ပေးဖို့ လိုအပ်သည်ဟု မြစ်ကြီးနားမြို့၊ မန်ခိန်ရပ် ကွက် ဖြစ်စဉ်အတွင်း သတင်းရယူနေစဉ် အဖမ်းခံခဲ့ရတဲ့ သတင်းထောက်များက တောင်းဆိုလိုက်သည်။

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင်းရှိ စက်မှုဇုန်ထဲက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ရုံးအတွင်း လုံခြုံရေး ယူ ထားသည့် စစ်သားများ ထွက်ပေးရန် ဆန္ဒပြပြည်သူများက တောင်းဆိုရာမှ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပြည် သူများ အကြား အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် သတင်းထောက် ၅ ဦးနှင့် အတူ ဆန္ဒပြပြည်သူနှစ်ဦး အဖမ်း ခံခဲ့ရသည်။ ဒေသခံ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် အခြေဆိုက် The 74 Media ၏ အယ်ဒီတာချုပ် ကိုထွယ်အောင် က “တပ်မတော်ဖက်က ဒီလုံခြုံ ရေး စည်းချိုးဖောက်တာ စိုးရိမ်တယ်ဆိုရင် ကျနော်တို့ သတင်းယူနေတဲ့ သူတွေကို သူတို့ စစ်ဆင်ရေး ပြုလုပ်တဲ့ ဆန္ဒပြတဲ့ သူကို ဖြိုခွင်းတဲ့ နေရာမှာ ဘယ်လောက်အကွာအဝေးကနေ သတင်းယူပါဆိုပြီးတော့ သူတို့ သတ်မှတ် ပေးသင့်ပါတယ်။ ပြီးလို့ရှိရင် အဲလို သတ်မှတ်ပေးဖို့ အဆင်မပြေဘူး။ ကျနော်တို့ က ကြားမှာ ရောက်သွားပြီ ဆိုရင် ဒီနေရာကနေ ထွက်ခွာဖို့အတွက် သူတို့ အနေနဲ့ အချိန်ပေးသင့်ပါတယ်။ ရုတ်တရတ်ကြီး ဒီနေရာကိုလာပါ ဝင်ပြီးတော့ အချုပ်ကားထဲ တစ်ခါတည်း ထည့်လိုက်တာနဲ့ စာလို့ရှိရင် အဲလိုမျိုး လုပ်တာက ပိုပြီးတော့ သင့် တော်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

မြစ်ကြီးနားမြို့က မိဇ္ဈိမ သတင်းဌာနမှ သတင်းထောက် ကိုဆိုင်းလတ်အောင်ကလည်း “အဓိကတော့ ကျနော်တို့ က ကိုယ့်စည်းသူ့စည်းဆိုပေမယ့် ကိုယ့်စည်းထဲမှာကိုယ်က သတင်းယူပေမယ့် သူတို့က အနောက်ကနေ အဲ့လို မျိုးလုပ်တဲ့အခါမှာ ကျနော်တို့ မလုံဘူးဗျ။ အဓိကတော့ အစိုးရဘက်ကလည်း ပြောကြတယ် သတင်းမီဒီယာ တွေက သတင်းကောင်စီရဲ့ ဥပဒေအတိုင်းလုပ်ရင် ကျင့်ဝတ်အတိုင်းလုပ်ရင် အဆင်ပြေမယ် ပြောကြတယ်။ ကျ နော်တို့က အဲ့အတိုင်းလုပ်တယ်။ ဒါပေမယ့် ခက်တာက ကျနော်တို့ကသာ လိုက်နာပြီးလုပ်ပေမယ့် သူတို့ဘက်က မလုပ်တော့ ပြဿနာတွေဖြစ်လာပေါ့။ အခုရက်ပိုင်းဆိုရင် နောက်နေ စရဖတွေ၊ SB တွေကတောက်လျှောက် ပဲဗျ” ဟု ပြောသည်။

The 74 Media ၏ အယ်ဒီတာချုပ် ကိုထွယ်အောင်နှင့် ကင်မရာမန်း ကိုနောင်ဆိုင်း၊ Mizzima သတင်းဌာနက ကိုဆိုင်းလတ်အောင်နှင့် ထာဝရငြိမ်းချမ်းချမ်းရေးကွန်ယက် (EPN) က ကိုရန်ကောင်းနှင့် ကိုဝေယံတို့သည် ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့က အဖမ်းခံခဲ့ရပြီး ၁၅ ရက်နေ့မှာ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG ၏ ညှိ နှိုင်းဆောင်ရွက်ပေးမှုကြောင့် ပြန်လွှတ်လာခဲ့ကြသည်။ သူတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ပြည်သူနှစ်ဦးလည်း လွှတ်လာခဲ့သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာ က “မီဒီယာဆိုတဲ့အဖွဲ့ကလည်းပဲ ဒါက စတုတ္ထမဏ္ဍိုင် တစ်ခုအနေနဲ့ သူတို့ အသိအမှတ်ပြုတယ်။ ဒါပေမယ့် ပိုတဲ့ အခွင့်အရေးမျိုး မဖြစ်ရလေအောင် မီဒီယာရဲ့ ကျင့်ဝတ်ရှိတဲ့အတိုင်းပဲ လုပ်ဆောင်ရင်တော့ ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ သဘောပေါ့နော။ နောက် ပြီးမှ live လွှင့်ပြီးမှ ဖြစ်တဲ့အခါကျတော့ အုံကြွနေတဲ့ အချိန်မှာ တစ်ချို့ကိုလည်း ဆော်သြလိုက်တဲ့ ပုံစံမျိုး သက်ရောက်သွားတာပေါ့ဗျာ။ ဒါကြောင့်မို့ ကောင်းတဲ့ဖက်မှာ သဘောနဲ့ ပြည်သူလူထုတွေကို ချပြတာ ဖြစ်ပေမယ့်လည်း တစ်ဖက်မှာကျတော့လည်း အားလုံးက ဆူပူ လာတာဖြစ်မယ် ပိုပြီး ထိန်းမနိုင်သိမ်းမနိုင် ပုံစံမျိုးလည်း ဖြစ်သွားတတ်တယ်။ အဲဒါမျိုး မဖြစ်ရလေအောင် ဆိုတဲ့ ပုံစံမျိုးနဲ့ ဒါကတော့ မီဒီယာပိုင်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်ရမယ်ဆိုတဲ့ဟာကို သူတို့အနေနဲ့ သေသေချာချာလေး ပြောပြလိုက်တယ် ဒါကြောင့် လည်း ကျနော်တို့လည်း ဒီမနက် ၉ နာရီမှာပေါ့လေ သူတို့ဖမ်းသွားတဲ့ အဖွဲ့တွေကိုလည်း ကောင်း ကောင်းမွန် မွန်ပဲ ကျနော်တို့ ပြန်သွားခေါ်ယူတာ ဖြစ်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မန္တလေးမြို့က ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းမှုများတွင်လည်း ဆန္ဒ ပြပွဲတွင် သတင်းရယူနေကြသည့် သတင်းမီဒီယာသမားများကို ရိုက်နှက်သည့် အခြေအနေများ အထိ ရှိလာနေ သည်ဟု ဒေသ အခြေဆိုက်သတင်းသမားများ သတင်းမီဒီယာများတွင် ပြောဆိုထားသည်။

ယခုဖြစ်ပေါ်နေသည့် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုများတွင် သတင်းများကို ရယူပိုင်ခွင့်ရှိနေသော် လည်း လွတ်လပ် ကန့်သတ်ချက်များနှင့် လုံခြုံမှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်သားများက ပြုမူဆက် ဆံနေမှုများသည် သတင်းထောက်များ၏ အခွင့်အရေးကို ချိုးဖောက်ခံနေရခြင်း ဖြစ်သည်ဟု သတင်းသမားများ က ပြောသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ကိုထွယ်အောင် က “သတင်း ရယူပိုင်ခွင့်ဆိုတာ ကျနော်တို့ သတင်းထောက် တိုင်းရဲ့ အခွင့်အရေး တစ်ခုဖြစ်သလို အများပြည်သူ က လည်း ဒီသတင်းအချက်အလက် ရယူပိုင်ခွင့်ပေါ့နော Right to Information ပေါ့ ဒါကလည်း အရေးကြီး တဲ့ အချက်ဖြစ်ပါတယ်။ ဒါလူ့အခွင့်အရေးရဲ့ မရှိမဖြစ် အရေးပါတဲ့ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တပ်မ တော် ဖက်ကသော်လည်းကောင်း၊ ရဲဖက်ကသော်လည်း ကောင်း သတင်းအချက်အလက် ရယူပိုင်ခွင့် ပေါ့နော ကျနော် တို့ သတင်းထောက်အနေနဲ့ သတင်းထောက် လှမ်း ခွင့်ပေါ့လေ ဒါကို လေးစာဖို့အတွက် လိုက်နာဖို့အတွက် ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ တစ်ဖက်မှာလည်း ကျနော်တို့ ပြည်သူလူထုကလည်း ဒီလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ သူတို့တွေ အနေနဲ့ သတင်းအချက်အလက် ရယူဖို့က ပိုပြီးတော့ အရေးကြီးတယ်။ ကျနော်တို့ရဲ့ သတင်းထောက်တွေရဲ့ လုပ်ငန်းကို ကျနော်တို့ သတင်းထောက် တွေရဲ့ သတင်းရယူပိုင်ခွင့်ကို လွတ်လွတ်လပ်လပ် လုပ်ဖို့အတွက်လည်း ခွင့်ပြုပေး စေချင်ပါတယ်” ဟု ဆက်ပြောသည်။

ကချင်ပြည်နယ် အပါအဝင် ကယားပြည်နယ်နှင့် မွန်ပြည်နယ်ဘက်တို့တွင်  စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်  ဆန္ဒထုတ် ဖော်မှုများတွင် သတင်းရယူနေကြသည့် သတင်းသမားများကို အရပ်ဝတ်နှင့်လူများက လိုက်လံ စောင့် ကြည့်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ရုပ်ကတ်မှတ်တမ်းဓါတ်ပုံများကို ဖျက်ခိုင်းခြင်းများ၊ လေးဂွများနှင့် လှမ်းပစ်ခြင်းနှင့် အော်ဟစ် ခြိမ်းခြောက်ကာ ဖမ်းဆီးခြင်းများ ဆက်တိုက်ရှိလာနေသည်ဟု သတင်းသမားများက ပြောသည်။

ယခုကဲ့သို့ လုပ်နေဆောင်နေမှုများသည် သတင်းအချက်အလက်ရယူပိုင်ခွင့်၊ ပြည်သူများအား သတင်းအချက် အလက် အမှန်ချပြပိုင်ခွင့်ကို ဆုံးရှုံးစေခြင်း ဖြစ်သည့်အတွက် လူ့အခွင့်အရေးကို ချိုးဖောက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုထားကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...