Published
Monday, February 22, 2021
စစ်အာဏာရှင်စနစ်ကို ပြည်သူတွေကန့်ကွက်ဆန္ဒပြမှုမှာ ပါဝင်စွက်ဖက်ခြင်းမပြုဖို့ KIO ကို စစ်တပ်ဘက်ကပြော
စစ်အာဏာရှင်စနစ်ကို ပြည်သူတွေကန့်ကွက်ဆန္ဒပြမှုမှာ KIO အနေနဲ့ ပါဝင်စွက်ဖက်ခြင်းမပြုဖို့ KIO ကို စစ်တပ်ဘက်က ပြောထားတယ်လို့ သိရပါတယ်။
မြစ်ကြီးနားက ပြည်သူလူထုဆန္ဒပြမှုအစီအစဉ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက် ရိုက်နှက်၊ လူစုဖြိုခွဲတာတွေ ပြုလုပ်လာပါတယ်။
တပ်မတော်က အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့အနေနဲ့ အစိုးရကျန်းမာရေးဝန်ထမ်းတွေက CDM လုပ်နေတာကြောင့် လူထုအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ရင် Kachin Back Pack အဖွဲ့က အခမဲ့ ကုသပေးမယ်လို့ သိရပါတယ်။






