စစ်ကောင်စီရောင်းသော ငွေတိုက်စာချုပ် ပြည်သူ့အစိုးရ တာဝန်ယူမည်မဟုတ်

စစ်ကောင်စီရောင်းသော ငွေတိုက်စာချုပ် ပြည်သူ့အစိုးရ တာဝန်ယူမည်မဟုတ်

စစ်ကောင်စီက ဈေးပြိုင်စနစ်ဖြင့် ငွေတိုက်စာချုပ်ရောင်းချမည့်ကိစ္စသည် တရားမဝင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ (၁၇) ရက်နေ့တွင် ထုတ်ပြန်သည်။

အကယ်၍ ယင်းငွေတိုက်စာချုပ်ကို ဝယ်ယူသည်ဆိုပါက နောက်ဆက်တွဲဆုံးရှုံးမှုများသည် ဝယ်ယူသူများ၏ တာဝန်သာဖြစ်ကြောင်း၊ ပြည်သူ့အစိုးရက တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ငွေတိုက်စာချုပ်ကို အစိုးရတစ်ရပ်ဘတ်ဂျက်လိုငွေပြသည့်အခါ ထုတ်ရောင်းလေ့ရှိပြီး၊ ဝယ်ယူသူသည် အစိုးရထံမှ အပေါင် သဘောဖြင့် အတိုးငွေရသော စာချုပ်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူ့ထံမှာ အစိုးရက ငွေချေးသည့် သဘောဖြစ်သည်။ ငွေတိုက်စာချုပ်သက်တမ်း၏ အတိုးနှုန်းမှာ သတ်မှတ်ထားသော နှစ်အလိုက် အစားစားရှိသည်။

ငွေတိုက်စာချုပ်ကို လုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများနှင့် ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေးကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ဝယ်ယူလေ့ရှိသည်။

CRPH က စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် ဥပဒေနှင့်မညီသောကြောင့် မည်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးလုပ်ငန်းမဆို လုပ်ပိုင်ခွင့်မရှိဟု ဆိုသည်။

ထို့ကြောင့် ပြည်သူမှရွေးချယ်တင်မြှောက်လိုက်သော တရားဝင်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည်သာလျှင် တရားဝင်ကြောင်း ရေးသားထားသည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...