နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုဒ်မတစ်ခု ထပ်တိုး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုဒ်မတစ်ခု ထပ်တိုး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ စကားပြောစက်တွေ တွေ့မှုနဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈နဲ့ ယခင်က တရားစွဲတင်ထားတာဖြစ်ပါတယ်။

ဒီကနေ့ ဗွီဒီယိုကွန်ဖရန်းစီး စနစ်နဲ့ စစ်ဆေးရာမှာတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅နဲ့ထပ်ပြီးတရားစွဲတင်တာလည်းဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

"နောက်တစ်မှုကတော့ သဘာဝဘေးအန္တရာယ်စီမံမှုဆိုင်ရာပုဒ်မ ၂၅ အဲ့တာကတော့ အမှုနံပါတ်ယာယီ ‌၃၇ပေါ့။ ဒီအမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့ တရားသူကြီးက ကျွန်တော်တို့ကိုပြောပြပါတယ်။ အဲ့ဒီကျတော့ ကျွန်တော်တို့က ပါဝါမပါသေးတော့ ကျွန်တော်တို့ ဝင်လို့မရပါဘူး" ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံ အမှုကို စစ်ဆေးရာမှာ တော့ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ့ငှားပြီး ဆောင်ရွက်မလားလို့မေးမြန်းရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက တာဝန်ပေးတဲ့လူကို လက်ခံမယ်လို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

ဒီကနေ့မှာတော့ ဗွီဒီယိုကွန်ဖရန်းစီးစနစ်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေနဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုတော့ သူတို့ကိုထိန်းသိမ်းထားတဲ့နေရာတွေကနေ ဇဗ္ဗူသီရိ မြိုနယ်တရားရုံးမှာ ဗွီဒီယို ကွန်ဖရန်းစီးစနစ်နဲ့စစ်ဆေးခဲ့တာဖြစ်လို့ဆိုပါတယ်။

လာမယ့်ရုံးချိန်းကိုတော့ မတ်လ၁ရက်နေ့မှာ စစ်ဆေးမယ်လို့ဦးခင်မောင်ဇော်ကပြောပါတယ်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...