ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးစီမံကိန်း ရပ်ဆိုင်း

ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးစီမံကိန်း ရပ်ဆိုင်း

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ခေတ္တရပ်ဆိုင်းကြောင်း ဥရောပသမဂ္ဂ(European Union in Myanmar) က ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အာဏာသိမ်းသည့်ဖြစ်ရပ်ပေါ်ပေါက်လာသည့်အတွက် EU က မူလချမှတ်ထားသော ရည်မှန်းချက်ရလဒ် ထွက်ပေါ်ရန် အခြေအနေမရှိတော့၍ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ရေးထားသည်။

ထို့အပြင် လတ်တလော သတင်းမီဒီယာများ ဖော်ပြချက်တွင် နားလည်မှုလွဲစေသည့်အချက်ကို ပြန်လည်ရှင်းပြလိုကြောင်း ရေးသားထားသည်။  ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂၢိုလ်ဒေါ်အောင်ဆန်းစုကြည်က EU ထံတွင် "တိုက်ရိုက်တောင်းဆို" ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်ဟုဆိုသည်။

စီမံကိန်း၏ ရည်ရွယ်ချက်မှာ ရဲတပ်ဖွဲ့ဝင်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ၊ လူ့အခွင့်ရေးအား လေးစားလိုက်နာသည့် ရဲတပ်ဖွဲ့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အရေးပါသည်ဟု EU က ရှင်းလင်းသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့အား  စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် သင်တန်းများသာပို့ချခြင်းဖြစ်ပြီး  "မည်သည့် လက်နက်ပစ္စည်း ကိရိယာများမှ ကူညီပံ့ပိုးမှုမပြုခဲ့ပါ" ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များသည် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရိုက်နှက်ဖြိုခွဲသည့် ရာဇဝင်မှာ ယခုတစ်ကြိမ်းတည်းမဟုတ်ပေ။ လက်ပံတောင်းတောင်စီမံကိန်းနှင့် အခြားသော ကျောင်းသားလှုပ်ရှားမှုများကို ရိုက်နှက်မှု၊ ပစ်ခတ်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ဇော်သည်။ ယင်းဖြစ်ရပ်တို့မှာ EU သင်တန်းပေးသည့် ကာလတွင်ဖြစ်ပေါ်ခဲ့၍ ဝေဖန်မှုမြင့်တက်ခဲ့သည်။

စစ်အာဏာသိမ်းပြီး ၈ ရက်မြောက်၊ ဖေဖော်ဝါရီ ၉ ရက်နေ့တွင်လည်း အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲအရာရှိကကျည်အစစ်ဖြင့် ဦးခေါင်းကိုပစ်ခတ်ခဲ့၍ ဦးဦးနှောက်သေပြီး၊ သေဆုံးလူနာပမာ ဆေးရုံတွင် ကျန်ရှိနေသည်။ ရန်ကုန်မြို့မှအပ ကျန်မြို့နယ်တချို့တွင် ရဲတပ်ဖွဲ့က ရာဘာကျည်၊ လေးခွဖြင့် ပစ်ခတ်၍ ဆန္ဒပြသူများ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...