CDM လှုပ်ရှားမှုတွင် မပါဝင်ဘဲ ပုံမှန်ဆေးဝါးကုသမှု ပြန်လည်ဆောင်ရွက်ပေးရန် ခရိုင်ဆေးရုံအုပ်အား မြို့ခံတချို့ သွားရောက်တိုက်တွန်း

CDM လှုပ်ရှားမှုတွင် မပါဝင်ဘဲ ပုံမှန်ဆေးဝါးကုသမှု ပြန်လည်ဆောင်ရွက်ပေးရန် ခရိုင်ဆေးရုံအုပ်အား မြို့ခံတချို့ သွားရောက်တိုက်တွန်း

ကရင်ပြည်နယ် မြဝတီခရိုင်ဆေးရုံတွင် ကျန်းမာရေးဝန်းထမ်းများ၏ ဖေဖော်ဝါရီလ ပထမ အပတ်မှစ၍ အလုပ်မဆင်းရေး CDM (Civil Disobedience Movement) လှုပ်ရှားမှုကြောင့် မြို့နေပြည်သူများ၏ ကျန်းမာရေးအခက်အခဲအတွက် ငဲ့ညှာသောအားဖြင့် ပုံမှန်ဆေးဝါးကုသမှုများ ပြန်လည်ဆောင်ရွက်ပေး ရန် မြို့ခံတစ်ချို့မှ သွားရောက်တိုက်တွန်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မြဝတီခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်း ထံ သို့ ကရင်ပြည်နယ်သာသနနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ( ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ၁၀၂၂ တပ် ရင်းမှူး ) ဦးစောမုတ်သုန် ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေနှင့် ကော်မတီ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့ခံတစ်ချို့မှ သွားရောက်တိုက်တွန်းပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တိုက်တွန်းပြောဆိုမှုနှင့်ပတ်သက်၍ မြဝတီခရိုင်ဆေးရုံအုပ် ဒေါက်တာ နန္ဒဝင်းက  “ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအချို့မှာ ၎င်းတို့၏ သဘောဆန္ဒအလျောက် အလုပ်မဆင်းကြခြင်းဖြစ်ကြောင်း မိမိအနေဖြင့် ဆေးရုံဝန်ထမ်းများအားရုံးပြန်တက်ပြီး ကျရာတာဝန်ထမ်း ဆောင်ကြပါရန် စာထုတ်၍ မေတ္တာရပ်ခံထားပါကြောင်း သို့သော်လည်း ၎င်းကျန်းမာ ရေးဝန်ထမ်းအချို့မှာရုံးလာတက်ခြင်း မရှိ ကြောင်း၊ ၎င်းတို့ရုံးလာမတတ်ခြင်းအပေါ် မိမိအနေဖြင့် မေတ္တာရပ်ခံ၍သာရပြီး အတင်းအကြပ် အမိန့်ပေး၍ မရကြောင်း၊ သို့ဖြစ်၍ လက်ရှိဆေးရုံတွင် ပုံမှန်လည်ပတ်နေသော လုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိနေရပြီး အရေးပေါ်လူနာများနှင့် မွေးလူနာများကိုသာ ရှိသည့်ဝန်ထမ်းများ နှင့်ကြိုး စားဆောင်ရွက်ပေးလျက်ရှိကြောင်း  ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

လက်ရှိ မြဝတီဆေးရုံကြီး၌ အရေးပေါ်လူနာများနှင့် မွေးလူနာများကို ကုသပေးနေသည်ဟု ဆိုသော်လည်း ဆေးရုံဝန်ထမ်းအများစုမှာ ရုံးတက်ခြင်းမရှိသဖြင့် မြို့နေပြည်သူအချို့မှာ ဆေးဝါးကုသရန်အခက်အခဲများရှိနေပြီး ပြင်ပဆေးခန်းများနှင့် မြဝတီမြို့နှင့် ၁၀ မိုင်ခန့်အကွာ သင်္ကန်းညီနောင် စစ်ဆေးရုံတို့တွင်သာ သွားရောက်ပြသနေရကြောင်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...