မြစ်ကြီးနား သတင်းသမားများ ပြန်လွတ်

မြစ်ကြီးနား သတင်းသမားများ ပြန်လွတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ဖမ်းဆီးခံထားရသည့် သတင်းထောက် ၅ ဦး ကို ပြန်လွှတ်ပေးပြီးဟု သိရ သည်။

၎င်းတို့၏ မိသားစုဝင်တစ်ဦးက “ဟုတ်တယ် အခုပဲ လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဘယ်လိုပုံစံနဲ့ လွတ်ပေး တာလည်းဆိုတာတော့ အတိအကျမသိရသေးဘူး။ ဟို ခံဝင်ထိုးရလားမထိုးရလားဆိုတာလည်း မသိသေးပါဘူး။ အခုပဲ ပြန်လာနေပြီလို့ပဲ ပြောတယ်။ သူတို့နဲ့ ဒါရိုက်တော့ ဖုန်းမရသေးဘူး။ သူတို့ရုံးက လူတွေ ဖုန်းဆက်လာ တာပါ” ဟု ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်တွင်းရှိ စက်မှုဇုန်ထဲက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ရုံးအတွင်း လုံခြုံရေးယူ ထားသည့် စစ်သားများ ထွက်ပေးရန် ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်ကတည်းက ပြည်သူများ နှင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအကြား အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် သတင်းထောက် ၅ ဦးနှင့်အတူ ဆန္ဒ ပြပြည်သူတချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်များမှာ မဇ္ဈိမ သတင်းဌာနက ကိုဆိုင်းလတ်အောင်၊ The 74 သတင်းဌာနက အယ်ဒီတာ ကိုထွယ်အောင်နှင့် ကင်မရာမန်း ကိုနော်ဆိုင်း၊ ထာဝရငြိမ်းချမ်းရေးကွန်ရက်(EPN) က ကိုရန်ကောင်း နှင့် ကိုဝေယံတို့ ဖြစ်ကြသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...