ကန့်သတ်မှုတစ်ချို့ရှိနေသော်လည်း မြဝတီမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအား ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ဆန္ဒဖော်ထုတ်

ကန့်သတ်မှုတစ်ချို့ရှိနေသော်လည်း မြဝတီမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအား ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ဆန္ဒဖော်ထုတ်

နေနော် — ကရင်ပြည်နယ် မြဝတီမြို့၌ ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်)တွင် တပ်၊ ရဲ နှင့် BGF -နယ်ခြား စောင့်တပ်တို့မှနေရာတချို့တွင် လုံခြုံရေးယူထားပြီး ကန့်သတ်မှုတချို့ရှိနေသော်လည်း

၉ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးအား ပုံစံအမျိုးအမျိုးဖြင့် ဆက်လက်ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း တွေ့ရသည်။

ယနေ့ နံနက်ပိုင်းက ဆန္ဒပြသူများပုံမှန်စုဝေးနေကျ မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံ တားထိပ်တွင် တပ်၊ ရဲ နှင့် BGF ပူးပေါင်းအဖွဲ့မှ လုံခြုံရေးဆောင်ရွက် ထားသလို မြို့နေပြည် သူများ ငြိမ်းချမ်းစွာနေထိုင်ကြရန် ကားတန်းဖြင့် လိုက်လံဆော်သြမှုများလည်း ရှိခဲ့သည်။

သို့သော် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူများမှာ မြဝတီမြို့ အမှတ် ၂ ရပ်ကွက် အထက (ခွဲ) ၂ ကျောင်းရှေ့တွင် စုရပ်ပြောင်းရွှေ့ပြုလုပ်ကာ လူဦးရေ (၁) ထောင်ခန့်ဖြင့် မြို့တွင်းလှည့်လည်ချီတက်၍ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်လျက်ရှိသည်။

၎င်းအပြင် မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်း ဘုတ်ပိုစတာများ ကိုင်ဆောင်၍ Campaign များပြုလုပ်နေသလို မြဝတီ စာတိုက် လမ်းဆုံမီး ပွိုင့်နေရာတို့တွင် ထိုင်သပိတ် ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း တွေ့ရ သည်။

မြဝတီမြို့၌ ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အင်အား အလုံး အရင်းဖြင့် မပြုလုပ်နိုင်ရန် သက်ဆိုင်ရာမှ မြို့အဝင်နေရာတစ်ချို့တွင် ဂိတ်များချ၍ ကန့်သတ် မှုများ ပြုလုပ်နေသလို အစိုးဌာနရုံးနေရာများတွင်လည်း လုံခြုံရေးချ၍ စောင့်ကြည့် လျက်ရှိကြောင်း တွေ့ရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...