မြစ်ကြီးနား စက်မှုဇုန်အတွင်း ဆန္ဒထုတ်ဖော်မှု တပ်မတော်က သေနတ်ဖောက်လူစုခွဲ

မြစ်ကြီးနား စက်မှုဇုန်အတွင်း ဆန္ဒထုတ်ဖော်မှု တပ်မတော်က သေနတ်ဖောက်လူစုခွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် စက်မှုဇုန်အတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ EPC ရုံးတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ယနေ့တွင် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား တပ်မတော်မှ သေနတ်ပစ်  ဖောက်လူစုခွဲခဲ့သည်။

ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို တပ်မတော်မှ ယနေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်ဖောက် လူစုခွဲသော်လည်း ဆန္ဒထုတ်ဖော်မှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

အဆိုပါ ဓာတ်အားပေးစက်ရုံအတွင်းသို့ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းယူသည့်နေ့ ကတည်းက ဝင်ရောက်နေရာယူထားပြီး ထွက်သွားပေးရန် ပြည်သူများက ယနေ့တွင် သွားရောက် ဆန္ဒ ထုတ်ဖော်တောင်းဆိုရာမှ တပ်မတော်မှ သေနတ်ပစ်ဖောက်လူစုခွဲခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်သည့်နေရာသို့ PCG မှ ဦးလမိုင်ဂွမ်ဂျာက အာဏာပိုင်များနှင့် သွားရောက်ညှိနှိုင်းပေး ခဲ့သော် လည်း ၎င်းတို့၏ သဘောတူညီမှုကို ပြည်သူများက သဘောမတူသည့်အတွက် လူစုလူဝေးအဖြစ် ဆက် လက် ဆန္ဒထုတ်ဖော်ရာမှ သေနတ်ပစ်ဖောက်လူစုခွဲခံကြရခြင်းဖြစ်သည်။

အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ပင်မဓာတ်အားခွဲရုံအတွင်း ဝင်ရောက်နေရာယူထားသည့် တပ် မတော်အား အဆိုပါ နေရာမှ ထွက်သွားပေးရန် ပြည်သူများက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ယနေ့တွင် သွား ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညက အဆိုပါ ပင်မဓာတ်အားခွဲရုံအတွင်းတွင် တပ်မတော်မှဝင်ရောက် နေရာ ယူထားသည့်အပေါ် မလိုလားသည့်အတွက် ထွက်သွားပေးရန် ဝိုင်းမော်၊ မြစ်ကြီးနားမြို့မှ ပြည်သူများက သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ပြည်သူများ ဆန္ဒထုတ်ဖော်သည့်နေရာသို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ လာရောက် ညှိနှိုင်း ပေးခဲ့သည့်အတွက် နောက်ဆုံးတွင် တပ်မတော်မှ အဆိုပါနေရာမှ ထွက်ခွာသွားခဲ့သည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...