လယ်သမားများ ထွန်စက်ဖြင့် အာဏာရှင်ဆန္ဒပြပွဲတွင် ပါဝင်

လယ်သမားများ ထွန်စက်ဖြင့် အာဏာရှင်ဆန္ဒပြပွဲတွင် ပါဝင်

စောရှား — အာဏာရှင်စနစ်ကို လက်မခံသည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စုအသီးသီးမှ ဒေသခံများ စုပေါင်းပြီး ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်)တွင် ပြုလုပ်သော ဆန္ဒပြပွဲ၌ တောင်သူလယ်သမားများမှ လယ်ထွန်စက်ယာဉ်များမောင်းနှင်ကာ ပူးပေါင်းပါဝင်လာသည်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် လူထောင်ချီ လှည့်လည်ပြုလုပ်သော ယခု ဆန္ဒပြပွဲသို့ ဆိပ်ကြီးမြို့ ဒေသ၊ ဝင်းရော်ဒေသ၊ ကျိုက်ဒုံမြို့ဒေသခံများတက်ရောက် ပါဝင်ခဲ့သည့်အနက် လယ်သမားများမှာ လည်း ယခုလို ပူးပေါင်းပါဝင်ခဲ့ခြင်းလည်းဖြစ်သည်။

ဝင်းရော်ဒေသမှ လယ်သမား စောရွှေလှဝင်းက “ဌာနဆိုင်ရာ အလွှာပေါင်းစုံက လူထုတွေဟာ စစ်အာ ဏာရှင်စနစ်ကို ဆန့်ကျင့် လှုပ်ရှားဆောင်ရွက်နေတဲ့အချိန်မှာ ကျနော်တို့ကလည်း ကြာအင်းဆိပ်ကြီး မြို့နယ် လယ်သမားများကိုယ်စား ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ လယ်သမားအခွင့်အရေးတွေအတွက် ဆန္ဒ လာရောက်ထုတ်ဖော်ရတာဖြစ်ပါတယ်။” ဟု ပြောသည်။

လယ်သမားများ၏ လယ်ထွန်စက်များတွင် ‘အာဏာရှင်အလိုမရှိ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး’ စသည့် စာတန်းပါသော ကတ်ထူစက္ကူပိုစတာများ ချိတ်ဆွဲထားကာ ဝင်းရော်ဒေသမှ ကြာအင်းဆိပ်ကြီးမြို့ပေါ် အထိ မောင်းနှင်ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဆိပ်ကြီးမြို့ ဆန္ဒထုတ်ဖော်ပွဲ၌ ‘စစ်အာဏာရှင်အလိုမရှိ၊ အထိန်းသိမ်းခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ တန်းတူ အခွင့်အရေးရရှိရေး’ စသည့် ပိုစတာ၊ ဆောင်ပုဒ် များကို ကိုင်ဆောင် ကြွေး ကြော်ကာ စီတန်းလှည့်လည်ခဲ့သလို ဂီတတီဝိုင်းများဖြင့်လည်း ညီညွတ်ရေးတေးသီချင်းများဖြင့် စု ပေါင်း သီဆိုခဲ့ကြသည်။

ယနေ့ဆန္ဒထုတ်ဖော်ပြသပွဲတွင် အစိုးရနယ်မြေခံရဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိ သူအချို့မှ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးမှုရှိသော်လည်း နှောင့်ယှက်ဟန့်တားခြင်း၊ အရေးယူခြင်းများ ကို တွေ့ရှိရကြောင်းလည်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...