ကရင်ပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဝင်ရောက်ပူးပေါင်း

ကရင်ပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဝင်ရောက်ပူးပေါင်း

ကရင်ပြည်နယ် ဖားအံမြို့တွင် ယနေ့ ပြုလုပ်သည့် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲ ၆ ရက်မြောက်နေ့တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား ၂ ဦး ပြည်သူနှင့်အတူ ဝင်ရောက်ပူးပေါင်းခဲ့သည်။

ဖားအံမြို့ ကန်သာယာအရှေ့ လမ်းမကြီးပေါ်တွင် နံနက် ၉ နာရီဝန်းကျင်မှ နေ့လည် ၁၂နာရီအထိ ဆန္ဒပြ ပြည် သူများ ထိုင်သပိတ်ပြုလုပ်ပြီးချိန်တွင် အဆိုပါရဲတပ်သား ၂ ဦးမှာ “မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကရင်ပြည်နယ် ရဲတပ် ဖွဲ့ခွဲ ပြည်သူနှင့်အတူ” စာသားပါ ဆိုင်းဘုတ်ကိုင်ပြီး လာရောက်ပူးပေါင်း ပါဝင်ခြင်းလည်းဖြစ်သည်။

“ ဒီနေရာမှာ ပြောချင်တာမဟုတ်ဘူး။ သူတို့နဲ့ ကျနော်မျက်နှာချင်းဆိုင်ကို စကားအေးဆေးပြောချင်တာ CDM သဘောသဘာဝက ဝန်ထမ်းတွေအကုန်လုံးပါရမှာ ဝန်ထမ်းတွေ အကုန်ပါမှရမယ်။ ကျနော်တို့ နှစ်ယောက်က အစပဲရှိသေးတယ်။ နောက်မှာ လိုက်မယ့် လူတွေအများကြီးရှိတယ်”ဟု လူထုနှင့်အတူ လာရောက်ပူး ပေါင်းချိန်တွင် ထိုရဲတပ်ဖွဲ့ဝင် ၂ ဦးက ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဆန္ဒပြပြည်သူနှင့်အတူ ဝင်ရောက်ပူးပေါင်းပြီးနောက် သပိတ်စစ်ကြောင်းအဖွဲ့မှ ဖားအံကမ်းနားလမ်းသို့ ပြန်လည်ထွက်သည့်အချိန်တွင် သပိတ်စစ်ကြောင်းလမ်းကို ရဲတပ်ဖွဲ့ဝင်များ၏ မိနစ်အနည်းငယ်တားဆီးပိတ်ဆို့ထားမှုဖြစ်ပေါ်ခဲ့သေးသည်။

ယနေ့ ဖားအံမြို့တွင် ပြုလုပ်သည့် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ယခင်ရက်နည်းတူ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများအပါအဝင် အလွှာအသီးသီးမှ ပြည်သူလူထုသောင်းချီ ပူးပေါင်းပါဝင်ခဲ့ကြသည်။

တိုင်းနှင့်ပြည်နယ်အချို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး CDM (Civil Disobedience Movement) လှုပ်ရှားမှုအတွင်း ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်လာမှုများရှိပြီး ကရင်ပြည်နယ်အနေဖြင့် ယခု ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပူးပေါင်းပါဝင်လာမှုမှာ ပထမဦးဆုံးဖြစ်သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...