ချင်းမိုင် ဆန္ဒပြပွဲ တားမြစ်ခံရ

ချင်းမိုင် ဆန္ဒပြပွဲ တားမြစ်ခံရ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆန္ဒပြပွဲကို ခွင့်ပြုချက်မတင်ဟုဆိုကာ ထိုင်းအာဏာပိုင်များက ပိတ်ပင်ခဲ့တာကြောင့် အချိန်တိုအတွင်းတွင် ရပ်ဆိုင်းခဲ့ကြသည်။

ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ချင်းမိုင်ရှိ မြန်မာနိုင်ငံသားများစုပေါင်းကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ အောင့်တသက်သက်နဲ့ ဖြစ်နေတယ်။ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာြပည်သူ ပြည်သားတွေ သူတို့ရဲ့ ဆန္ဒ ဖော်ထုတ်ချင်တယ် ဆိုတဲ့ အသံတွေ ကြားတဲ့အတွက်လည်း ကျွန်တော်တို့ကလည်း ဒီမှာလာပြီးတော့ ပူးပေါင်းခြင်းဖြစ်တာပေါ့နော်။" ဟု ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ ကိုဂျော်နီက ပြောပါတယ်။

"ဒီမှာလာရတဲ့ ရည်ရွယ်ချက်ကလည်း ကောင်စစ်ဝန်ချုပ်နဲ့ ကောင်စစ်ဝန် ဝန်ထမ်းတွေအားလုံးကို ကျွန်တော်တို့ CDM ကို ဖိတ်ခေါ်ချင်တယ်။" ဟု ဆက်ပြောသည်။

CDM ဆိုသည်မှာ လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ခေါ်ဆိုခြင်းဖြစ်ပြီး ဝန်ထမ်းများ အလုပ်မဆင်းပဲ သပိတ်မှောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွဲခြင်းမပြုရန်လည်း တောင်းဆိုသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုမျိုးမျိုးက ပြောသည်။

"မြန်မာပြည်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ အားလုံးကလည်း "ပြည်သူကို ပြည်သူလို မြင်ပါလို့ ကျွန်တော် ပြောချင်ပါတယ်" ဟု ကိုမျိုးမျိုးက ပြောသည်။ "ပြီးတော့ အာဏာသိမ်းတဲ့ ကိစ္စကိုလည်း ကျွန်တော်တို့ လူထုတွေ အားလုံးက မလိုလားဘူးဖြစ်ပါတယ်" ဟု ဆက်ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုယောဟန်ကတော့ ဖမ်းဆီးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ပြောသည်။

ယနေ့ ပြုလုပ်သည့် ဆန္ဒပြပွဲတွင် လူ ၆၀ ခန့်ပူးပေါင်းပါဝင်လာပြီး နောက်လူများ ရောက်ရှိမလာမီတွင် ထိုင်းရဲများက တားမြစ်ခဲ့သည့်အတွက် ရပ်ဆိုင်းခဲ့ရသည်။

June 18, 2026
ကြားကာလ ဖက်ဒရယ်ပညာရေး စနစ်တွင် တိုင်းရင်းသား ကလေးငယ်များအတွက် မိခင်ဘာသာစကား အခြေ ပြု...
ဓါတ်ပုံ - ရွှေကူစစ်ရှောင်များ
June 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်းသို့ စစ်မျက်နှာခွဲ၍ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ...
June 16, 2026
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ‘NCA Plus’ ဟုခေါ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်...
wikipedia (စစ်တွေမြို့ ဗျူးပွိုင့် )
June 15, 2026
ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသော မင်းဘူး-အမ်း-စစ်တွေ...