မြစ်ကြီးနား ဆန္ဒပြပွဲ ပိတ်ဆို့မှုများ ပြန်ဖွင့်ပေး

မြစ်ကြီးနား ဆန္ဒပြပွဲ ပိတ်ဆို့မှုများ ပြန်ဖွင့်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုကို တစ်နာရီနီးပါးခန့် စစ်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်ပေးခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ (ယနေ့) တွင် ဒုတိယနေ့အဖြစ် ပြုလုပ်သည့် လူငယ်များဦးဆောင် သည့် ဆန္ဒထုတ်ဖော်မှုကို မနောအားကစားကွင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် လုံခြုံရေးများ ပိတ်ထား ခဲ့ရာမှ ၁၀ နာရီခန့်တွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

“ပြည်သူတွေညီလို့ပါဗျ။ အခုလိုပြန်ဖွင့်ပေးတာကလေ။ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ကျ နော်တို့နဲ့ အတူတူ ပူးပေါင်းပါလို့ CDM တောက်လျှောက်လုပ်ပေးပါလို့ ကျနော်တို့ မဲပေးထားတဲ့ အစိုးရကို ပြန်ပေးပါ လို့ အခုလိုအဲ့လိုမဟုတ်လို့ မခံမရပ်နိုင်လို့ ဆန္ဒပြတာပါဗျ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ကိုငယ်က ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒထုတ်ဖော်သည့် လူတန်းများကို ပြန်လည်လမ်းဖွင့်ပေးလိုက်သည့်အတွက် ဆန္ဒပြသူ များကလည်း ဒါဘယ်သူ့တပ်လဲ ပြည်သူ့စစ်တပ်၊ ပြည်သူ့ရဲတပ် ဆိုသည့် ကြွေးကြော်သံများ နှင့် ဗိုလ်ချုပ်ပေး သည့် စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ဆိုသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

ယနေ့ဆန္ဒထုတ်ဖော်မှုတွင်လည်း လူငယ်များ၊ ရဟန်းသံဃာတော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ သောင်း နှင့်ချီ ပါဝင်ခဲ့ကြသည်။

ယနေ့တွင် ဝိုင်းမော်မြို့နယ်တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဗလမင်းထင်တံတား အား ယနေ့ နံနက်ပိုင်းမှ စတင်၍ လုံခြုံရေးတပ်များက ပိတ်ထားလိုက်သည့်အတွက် တဖက်ကမ်းသို့ သွားလာရန် အခက်အခဲများရှိနေသည်ဟု ဒေသခံပြည်သူများက ပြောသည်။

ရွှေဘိုအကျဉ်းထောင် (ပုံဟောင်း - Crd)
August 15, 2026
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈...
August 15, 2026
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရခိုင်ပြည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့အား စစ်တပ်က...
August 14, 2026
ဧရာဝတီတိုင်းအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့...
August 14, 2026
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့်...