ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနယ် အဖမ်းခံထားရ

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနယ် အဖမ်းခံထားရ
Photo: Sydney Morning Herald
Photo: Sydney Morning Herald

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနယ်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိမ်းသိမ်းထားကြောင်း ဆစ်ဒနီသံတော်ဆင့် (Sydney Morning Herald) က ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ဖော်ပြထားသည်။

ရှောင်တာနယ်သည် ဆစ်ဒနီမက်ကွိုင်းယား တက္ကသိုလ်၏ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်မှစတင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လုပ်ကိုင်ခဲ့သူဖြစ်သည်။ စစ်အာဏာသိမ်းပြီး နောက်တစ်နေ့ အင်တာနက်ဖြတ်တောက် ပြီးနောက် ရှောင်တာနယ်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

သို့သော် သူ့ကိုမည်သည့် ပုဒ်မဖြင့် ဖမ်းဆီးထားခြင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

သြစတြေးလျ သံအမတ်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ခရစ်တိုဖာ လမ့် Christopher Lamb က တတ်သိပညာရှင်တစ်ဦးသာဖြစ်ပြီး မည်သည့်နိုင်ငံရေးနှင့်မျှ ဆက်စပ်ခြင်းမရှိသူဟု ဆစ်ဒနီသံတော်ဆင့် သတင်းစာသို့ပြောကြားထားသည်။

ဒေါက်တာ ရှောင်တာနယ်အဖမ်းခံထားရသည့်ရဲစခန်းကို သြစတြေးလျသံရုံးက သွားရောက်ကြည့်ရှုခဲ့ပြီး၊ လတ်တလောတွင် နှိပ်စက်ခြင်းမတွေ့ရကြောင်း ခရစ်တိုဖာ က ပြောသည်။  

စစ်တပ်အာဏာသိမ်းပြီး တစ်ရက်အကြာတွင် ဒေါက်တာရှောင်တာနယ်က "လတ်တလောတော့ လုံခြုံပါတယ်။ ဒါပေမဲ့ မြန်မာလူထုအပေါ်အခုလိုဖြစ်သွားတဲ့ဖြစ်ရပ်တွေအတွက် ကျနော်ကြေကွဲရပါတယ်။ သူတို့က အရဲရင့်ဆုံးနဲ့အကြင်နာတတ်ဆုံးလူတွေလို့ ကျနော်သိထားပါတယ်။ သူတို့ ဒီထက်မက အများကြီးထိုက်တန်ပါတယ်။" ဟုရေးသားထားခဲ့သည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က ၎င်းတို့ဖက်ဒရယ်အစိုးအနေဖြင့် သြစတြေးလျနိုင်ငံ သားများနှင့် အခြားနိုင်ငံခြားသားများဖမ်းဆီးခံထားရသည်ဆိုသော သတင်းကို လွန်စွာစိုးရိမ်မကင်းဖြစ်ရ ကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံရှိ သြစတြေးလျသံရုံးက ယင်းသတင်းကို ၎င်းတို့၏ ဖေးဘုတ်စာမျက်နှာတွင် တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိပါ။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...