စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြသူတချို့ ဖမ်းဆီးခံရ
ဓာတ်ပုံ - အောင်ကိုဦး
ဓာတ်ပုံ - အောင်ကိုဦး

မန္တလေးမြို့ ဆေးတက္ကသိုလ်ရှေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသူတွေအနက် ဒီကနေ့ နေ့လည်ပိုင်းအထိ လေးဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတချို့က သူတို့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ကြပါတယ်။

ဒီကနေ့ မန္တလေးမြို့ ဆေးတက္ကသိုလ်ရှေ့မှာ ဆန္ဒပြတာဟာ ပထမဦးဆုံး လမ်းပေါ်ထွက် ဆန္ဒပြရာမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဆန္ဒပြပွဲကိုတော့ လူငယ် ၂၀ နီးပါးလောက် ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။

ဆန္ဒပြသူတွေဟာ အာဏာသိမ်းအစိုးရ အလိုမရှိ၊ ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင်တွေကို ချက်ချင်းပြန်လွှတ်ပေးရေးနဲ့ စစ်အာဏာရှင် စနစ်ကျဆုံးရေး စတာတွေကို ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြသူတွေရဲ့ လက်ထဲမှာတော့ စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း၊ အကြမ်းဖက်မှု လူထုလက်မခံ၊ လက်နက်အားကိုးဝါဒ ဆန့်ကျင်ကြ၊ ဒီမိုကရေစီကို ကာကွယ်ကြ စတဲ့ စာသားပါ ပိုစာတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...