NLD အယောင်ဆောင်တွေလမ်းပေါ်တတ်ဖို့ပြင်နေဟု ကရင်ဝန်ကြီးချုပ်သတိပေး

NLD အယောင်ဆောင်တွေလမ်းပေါ်တတ်ဖို့ပြင်နေဟု ကရင်ဝန်ကြီးချုပ်သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင် အယောင်အဆောင်သူတွေ ပါတီ အင်္ကျီ ဝတ်ဆင် လူစုလူဝေးနဲ့ သွားနေကြပြီး လမ်းပေါ်တက်ဖို့ပြင်နေတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပိုင်း National League for Democracy - Kayin State လူမှုကွန်ယက်စာမျက်နှာကနေ ဗွီဒီယိုဖိုင်ကနေတစ်ဆင့်ပြောကြားခဲ့တာပါ။

“ဒီလိုမျိုး အင်္ကျီ အင်္ကျီ တွေဝတ်ပြီးထွက်လာတာ ကျွန်မတို့ပြည်သူမဟုတ်ဘူး။ ကျွန်မတို့ NLD မဟုတ်ဘူး ဒါကိုသတိချပ်စေချင်ပါတယ်” လို့ ဒေါ်နန်းခင်ထွေးမြင့်ကပြောပါတယ်။

အဲ့လိုမျိုး NLD ပါတီ အင်္ကျီဝတ်ဆင်ပြီး လမ်းပေါ်ကို လူစုလူဝေးနဲ့သွားနေကြတဲ့သူတွေဟာ ပါတီဝင်တွေမဟုတ်ဘူးလို့လဲဆိုပါတယ်။

ဒီ့အပြင်ကို NLD ပါတီဝင်တွေ၊ ပြည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညွှန်ကြားထားတဲ့အတိုင်း ကိုယ့်အိမ်ထဲကနေပဲ အေးချမ်းတဲ့နည်းလမ်းတွေနဲ့ ကိုယ့်စိတ်ဆန္ဒကိုဖော်ထုတ်နေကြကြောင်းလည်း ပြောပါတယ်။

ဉပဒေနဲ့မညီညွှတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပြီး ပြည်သူ့အစိုးရကိုဖျက်သိမ်းခြင်းကို ဆန့်ကျင်ရှုံ့ချကြောင်းနဲ့ နိုင်ငံတော်သမ္မသည် လက်ရှိအချိန်အထိ ဦးဝင်းမြင့်သာဖြစ်ကြောင်းကို NLD အနေနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ လက်မခံဘဲ  ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် ဆန့်ကျင်ကြဖို့ကို တိုက်တွန်းခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်အစိုးရကတော့ လက်ရှိမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုဖွဲ့စည်းအုပ်ချုပ်နေပြီး တစ်နှစ်အတွင်းရွေးကောက်ပွဲပြန်ကျင်းပကာ အနိုင်ရပါတီကို အာဏာပြန်လွဲပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...