Published
Friday, February 05, 2021
အိန္ဒိယအစိုးရက လှူဒါန်းထားတဲ့ ကိုဗစ်ကာကွယ်ဆေး (Covishield) ကို ချင်း ၉ မြို့နယ်မှာရှိ ကျန်းမာရေးဝန်ထမ်း ထိုးနှံပေး
မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ ၁ ရက်နေ့က သိမ်းယူလိုက်ပြီးနောက် ချင်းပြည်နယ်မှာလည်း ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြပြီး မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ချင်းလူငယ်အဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ကြပါတယ်။
အိန္ဒိယအစိုးရက လှူဒါန်းထားတဲ့ ကိုဗစ်ကာကွယ်ဆေး (Covishield) ကို ချင်းပြည်နယ် ၉ မြို့နယ်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးကို ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ပါတယ်။






